EP.5 (uni)

450 37 0
                                    

ချစ်ခဲ့ပါသည် သို့သော်..... EP.5

Xing '' Kyungsoo က အပေါ်ထပ်က အခန်းကို သုံးလို့ အဆင်ပြေတယ်မလား အောက်ထပ်မှာက အခန်းနှစ်ခန်းပဲရှိလို့ ''

Kyung '' arr.....nae ရပါတယ် ''

Xing '' suho က ကျန်းမာရေး မကောင်းတော့ တက်လိုက် ဆင်းလိုက်နဲ့ ပင်ပန်းနေမှာစိုးလို့ပါ ''

ဘယ်သူမှ ဘာမှမပြောပဲ ရှင်းပြချက်ပေးနေသော
Dr. Xing ကို Kyung ရယ်ချင်ပေမယ့် ရှက်သွား မှာစိုး၍ ငြိမ်နေလိုက်သည် ။

Xing '' ကဲဒါဆို အနားယူကြတော့လေ ကိုယ့်အိမ် လိုသဘောထားပြီး လွတ်လွတ်လပ်လပ်နေနော် ''

Su, Kyung '' nae ''

သုံးယောက်သား သက်ဆိုင်ရာအခန်းတွေ အသီးသီး ဝင်သွားကြသည် ။ Kyung အခန်းထဲရောက်တော့ ခုတင်ပေါ်လဲကာ ရှေ့ဆက်ဘာဆက်လုပ်ရမလဲ စဉ်းစားနေမိသည် ။ သေချာတာကတော့ သူအလုပ် တစ်ခုရှာပြီး လုပ်ရမည် ။ ဒါပေမယ့် ဘာအလုပ် လုပ်ရမလဲ သူကျွမ်းကျင်တာဘာမှ မရှိ မလုပ်လို့ကလည်း မဖြစ် နေစရာစားစရာ ပူစရာမလိုပေမယ့် တစ်သက်လုံး ဒီတိုင်းနေသွား လို့ကလည်းမဖြစ် ပြီးတော့ ကျောင်းစရိတ်..... အရေးကြီးဆုံးက Suho အတွက် ခွဲစိတ်စရိတ်
ဒါတွေကို သူဘယ်ကသွားရှာရမလဲ

Kyung '' ဟူးးး ''

လေပူတစ်ချက် မှုတ်ထုတ်လိုက်ကာ အရာရာကို ခဏတာမေ့ထားလိုက်ပြီး အိပ်စက်ခြင်းဆီသို့ ....

တစ်ဖက် Suho အခန်းမှာတော့.....

Su '' ထပ်ပြီး ဆေးပိုက်တန်းလန်းနဲ့နေရဦးမှာပေါ့ ''

သူ့ရှေ့ ကလေးဆန်စွာ ငြီးညူနေသော suho ကြောင့် xing ပါးချိုင့် လေးပေါ်အောင် ပြုံးမိသည်

Xing '' ခဏလေးပါပဲ ပြီးရင် ကလေးနေချင် သလိုလွတ်လွတ် လပ်လပ်နေလို့ ရပါပြီ ''

Su '' ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် နေလို့ ရမှာလဲ ဟိုလူတွေက နေရာတိုင်းမှာ ရှိနေတာကို ''

မျက်နှာလေး ညိုးငယ်စွာ ဆိုလာ suho ရဲ့ စကားတစ်ခွန်းကြောင့် xing စိတ်မကောင်း ဖြစ်သွားရသည် ။

Xing '' မစိုးရိမ်ပါနဲ့ ကိုယ်ကလေးကို ကာကွယ် ပေးပါ့မယ် ကိုယ်ရှိနေသ၍ ကလေးဘယ်သူမှ မထိစေရဘူး ''

ချစ်ခဲ့ပါသည်...Where stories live. Discover now