EP.21 (uni)

686 31 0
                                    

ချစ်ခဲ့ပါသည် သို့သော်...... 21

Yeol နိုးနေပေမယ့် သူမထချင်သေး သူ့ရင်ခွင်ထဲ နှစ်ခြိုက်စွာ အိပ်စက်နေတဲ့ ကလေးလေးကို ကြည့်လို့မဝသေးပေ ။ Kyung အိပ်နေတုန်း တစ်စုံတစ်ယောက် ကြည့်နေသလို ခံစားရတာကြောင့် မျက်လုံးဖွင့်ကြည့်တော့ သူ့ကိုပြုံးပြီး ကြည့်နေတဲ့ yeol နဲ့ ပက်ပင်းတိုး
သည် ။

Yeol '' နိုးပြီလား ''

Kyung '' omm ''

ဒီနေ့မှ ထူးထူးခြားခြား ပြုံးတုံးတုံး ဖြစ်နေသော yeol ကို နာမလည်နိုင် ဖြစ်နေသည် ။ အကြောင်းကို သူမေးရန် ပြင်လိုက်ပြီးမှ ညက အဖြစ်အပျက်ကို ပြန်သတိရပြီး သူ့မျက်နှာက ပူထူလာသည် ။ ဒီအချိန်မှာ သူ့မျက်နှာကြီး နီနေမှာ
ကြိမ်းသေသည် ။ ရှက်ရှက်နဲ့ စောင်ကို ခေါင်းထိ ဆွဲခြုံလိုက်တယ် ။

Yeol '' aigoo..... ကိုယ့်ကလေးက ရှက်နေတာလား ဟင်..... စောင်လေးဖယ်ပါဦး ကလေးမျက်နှာ ကိုကြည့်မဝသေးဘူး ''

Kyung '' ကျနော် အိပ်ချင်သေးတယ် လူကြီး မျက်နှာသွားသစ်တော့ ''

Yeol '' မရဘူး..... ကလေးဆီက morning kiss မရမချင်း ကိုယ်မထဘူး ''

Kyung '' လူကြီးနော်....... မထရင်လည်း နေပေါ့ ခင်ဗျားပဲ အလုပ်နောက်ကျမှာ ''

Yeol '' ဒါဆို ကလေးကရော အလုပ်
မသွားဘူးလား ''

Kyung '' လူကြီး ထသွားတော့ဗျာ ကျနော် နောက်ကျလိမ့်မယ် ''

Yeol '' ဒါဆို စောင်ဖယ်လိုက် ''

နောက်ဆုံးတော့ kyung ပဲ အလျော့ပေး လိုက်ရသည် ။ စောင်အောက်ကနေ ချယ်ရီရောင် သန်းနေတဲ့ မျက်နှာလေး ပေါ်လာတော့ yeol ပြုံးမိသည် ။

Yeol '' aigoo..... ကိုယ့်ကလေးက ချစ်ဖို့ ကောင်းလိုက်တာ ''

ဆိုကာ kyung နဖူး လေးကို ကြင်နာစွာ နမ်းလိုက်သည် ။ နှုတ်ခမ်းလေးကိုတော့ အလွတ်ပေးလိုက်သည် မဟုတ်ရင် သူကိုယ်တိုင်လည်း စိတ်ထိန်းနိုင်မည် မဟုတ်ပေ ။

Yeol '' ကဲထတော့ ကိုယ် မနက်စာ
ပြင်ထားပေးမယ် ''

Kyung '' omm ''

Yeol အခန်းထဲက ထွက်သွားမှ kyung ရေချိုးခန်းထဲ ဝင်ပြီး ကိုယ်လက်သန့်စင်
လိုက်သည် ။

ချစ်ခဲ့ပါသည်...Where stories live. Discover now