EP.8 (uni)

411 36 0
                                    

ချစ်ခဲ့ပါသည် သို့သော်.....

EP.8

Yeol အိမ်ရောက်တာနဲ့ မီးဖိုဆောင် ထဲဝင်ကာ အချက်ပြုတ်လုပ်ငန်းစတော့သည် ။

Kyung '' ကျနော် ဘာလုပ်ကူရမလဲ ''

Yeol '' ရပါပြီ တစ်နေ့လုံး လျှောက်သွားထားတော့ ပင်ပန်းနေတယ်မလား ခဏသွားနားလိုက် ပြီးရင်ကိုယ် ခေါ်လိုက်မယ် ''

ပြောကာ တစ်ဖက်လှည့်ပြီး အသီးအရွက်တွေကို ဆေးကြောနေသော yeol

ရုတ်တရက် ခားကိုနောက်က လာဖက်တာကြောင့် yeol လက်ထဲက ပန်းသီးပင် လွတ်ကျသွားသည် ။

Kyung '' ကျနော့်ကို အဲလောက်ထိ အလိုမလိုက် ပါနဲ့ လူကြီးမရှိရင် ကျနော် မနေတတ်ပဲ ဖြစ်လိမ့်မယ် ''

သူ့ခါးကို ဖက်ထားသော လက်သေးသေးလေးကို ဖယ်ကာ Kyung နဲ့မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့်လိုက်သည် ။ Kyung ရဲ့ပခုံးကို ဆုပ်ကိုင်ပြီး မျက်လုံးကို သေချာစိုက်ကြည့်ကာ

Yeol '' ဘာတွေတွေးပြီး ကြောက်နေတာလဲ ချာတိတ်ရယ် ချာတိ်တ် ကိုယ့်ကိုထားမသွား သ၍ ကိုယ်က ချာတိတ်ဘေးနား အမြဲရှိနေမှာပါ ''

Kyung '' လူကြီး ကျနော့်ကို တကယ်
ချစ်တာလားဟင်... ''

Yeol pov ' ဒီကလေး ဘာတွေဖြစ်နေပါလိမ့်

Yeol '' omm ကိုယ်ချာတိတ်ကို ပြောမပြတတ် အောင်ကို ချစ်တယ် ချာတိတ်သာ ကိုယ့်အနား ကထွက်သွားရင် ကိုယ်ရူးသွားမလားပဲ ''

ချာတိတ် နဲ့ ဝေးရမယ့်အကြောင်းတွေးမိရင် yeol ရင်ထဲ အဆမတန် နာကျင်လှသည် ။ အနာဂတ် ဆိုတဲ့အရာကို မတွေးချင် လက်ရှိ ပစ္စုပ္ပန် မှာသာ ပျော်စရာများနဲ့ ဖြတ်သန်းသွားချင်သည် ။

Kyung '' ကျနော်လည်း လူကြီးကို အရမ်း
ချစ်တယ် ''

ဆိုကာ ရင်ခွင်ထဲ တိုးဝင်လာသော ချာတိတ် ။ yeol မှာတော့ အကြားချင်ဆုံးစကားကို မမျှော်လင့်ပဲ ရုတ်တရက်ကြား လိုက်ရတော့ ကျောက်ရုပ် အလား ကြောင်အစွာ ရပ်နေမိသည် ။

Kyung '' လူကြီး ကျနော့်ကို ဘယ်တော့မှ ထားမသွားရဘူးနော် ကျနော့်မှာ အားကိုးစရာ ဆိုလို့လူကြီး ပဲရှိတော့တယ် ''

ချစ်ခဲ့ပါသည်...Tempat cerita menjadi hidup. Temukan sekarang