EP.14 (uni)

372 32 0
                                    

                ချစ်ခဲ့ပါသည် သို့သော်......

                          EP.14

Kyung မနိုးသေးတာကြောင့် Sehun လည်း နေ့လယ်စာ စားရန် စားနေကြ ဆိုင်ထဲကို ဝင်ခဲ့ လိုက်တယ် ။ ဒီနေ့မှ ဘာလို့ ဒီဆိုင်မှာ လူအဲလောက် များနေလဲမသိ ထိုင်စရာ စားပွဲ အလွတ်တောင် မရှိ Sehun ပြန်ထွက်ဖို့ ပြင်လိုက်မှ ထောင့်တစ်နေရာ က စားပွဲမှာ ကောင်လေး တစ်ယောက်တည်း ထိုင်နေတာ ကတစ်ကြောင်း ဒီဆိုင်ကလွဲရင် အခြား ဆိုင်မှာ မစားတတ်တာက တစ်ကြောင်း စတာတွေ ကြောင့် ထိုကောင်လေး ရှိရာကို လျှောက်လာ လိုက်တယ်

Se '' ကျနော် ဒီမှာ ထိုင်လို့ ရမလားဗျ ''

Lu '' ရပါတယ်ဗျ ''

တလပ်လပ်တောက် နေတဲ့ မျက်လုံး လှလှလေးနဲ့ မော့ကြည့်ရင် ပြန်ဖြေလာသော ထိုကောင်လေးကို Sehun သူကိုယ်တိုင်တောင် မသိလိုက်ပဲ ငေးမိသွားသည် ။

Se '' ဒါနဲ့ မင်းက ဒီကမဟုတ်ဘူး ထင်တယ် အရင်က မမြင်ဖူးဘူး ''

Lu '' ဟုတ်တယ် ဒီဘက် ကိစ္စလေး ရှိလို့ ''

Se '' မင်းနာမည် လေး ပြောပြလို့ ရမလား ကောင်လေး ''

ရှေ့က သူ့ထက်ငယ်မယ့်ပုံနဲ့ သူ့ကို ကောင်လေးလို့ ခေါ်လိုက်တဲ့ ကောင်လေးကြောင့် Luhan ရယ်ချင် မိသည် ။

Lu '' ငါအရင် မေးပါရစေ မင်းအသက် ဘယ်လောက် ရှိပြီလဲ ''

Se '' မင်းကို ကြည့်ရတာ အသက်တောင် ပြည့်သေး ပုံမပေါ်ဘူး ဘာလို့ စကားပြော ရိုင်းရတာလဲ ကိုယ့်ထက်အကြီးကို မင်းလို့ ပြောရလား ''

ဒီတစ်ခါတော့ luhan မနေနိုင်ပဲ အသံထွက် ရယ်မိသည် ။

Se '' မင်းဘာရယ်တာလဲ ''

Lu '' မင်းအသက် ဘယ်လောက် ရှိပြီလဲ ငါမသိ ပေမယ့် ငါ့ထက်ငယ်မယ်ဆိုတာ ငါသိတယ် ''

Se '' မင်း အထက်တန်းတောင် ပြီးသေးလို့လား ''

Lu '' ဒီမှာ !!!!! ငါက ဘွဲ့ရပြီးလို့ ဆရာဝန်တောင် ဖြစ်နေပြီ ပြီးတောလ ငါ့အသက်က ၂၉ ပြည့်တော့မယ်..... "

Sehun အံ့သြသွားသည် ။ ဒီကောင်လေးက အသက် ၂၉ ဆိုတာ မထင်ရက်စရာ........

ချစ်ခဲ့ပါသည်...Where stories live. Discover now