EP.6 (uni)

442 43 0
                                    

ချစ်ခဲ့ပါသည် သို့သော်...... EP.6

Yeol အိမ်ရောက်တဲ့ထိ ချာတိတ်က နိုးမလာ သေးပေ ။ တစ်နေ့လုံး ပင်ပန်းထားသော Kyung လည်း yeol ပွေ့ချီသွားတာတောင် နိုးမလာခဲ့ ။
နှစ်ခြိုက်စွာ အိပ်ပျော်နေသော Kyung ကို ထိုင်ကြည့်နေရင်း တိုးတိုးလေး ရေရွတ်မိသည်

Yeol '' ဒါနဲ့ဆို ကိုယ်တို့ဆုံတာ ၃ခါရှိပြီနော် ဒီတစ်ခုတော့ ကိုယ်လုံးဝ လက်မလွတ်နိုင်တော့ဘူး
မင်းဘယ်သွားသွား ကိုယ်မင်းနောက်ကနေ တစ်ကောက်ကောက်လိုက်နေတော့မှာ ''

အိမ်မက်ကမ်ဘာထဲ ရောက်နေသော Kyung ကတော့ Yeol စကားကိုမကြားနိုင် ။

တစ်ဖက် Xing အိမ်တွင်.....

Xing '' ကလေး..... Kyungsoo ကဘာလို့ ခုချိန်ထိ ပြန်မလာသေးတာလဲ ''

Su '' Hyung ကပြောတယ် သူညဘက်သူ့ကို မစောင့်ပါနဲ့တဲ့ နောက်ကျမယ်တဲ့ ဆိုင်မှာပဲ အိပ်ဖြစ်ရင်လည်း အိပ်ဖြစ်မယ်တဲ့ ''

Xing '' အော်.....ဒါနဲ့ သူဘယ်ဆိုင်မှာလုပ်လဲ ကလေးသိလား ''

ပြောတော့ ခေါင်းလေး ရမ်းပြလေရဲ့

Xing '' ဒါနဲ့ ကလေးဆေးသောက်ပြီးပြီလား ''

Xing ကမေးလိုက်တော့ လျှာလေးထုတ်ကာ သူ့အားမျက်နှာချို သွေးပြီး ပြန်ဖြေလာသည် ။

Su '' ဟီး ဟီး မသောက်ရသေးဘူး ''

Xing လည်း suho နဖူးပြင်လေးကို ဖွဖွလေး တောက်လိုက်ကာ

Xing '' ဆေးသောက်ဖို့မမေ့နဲ့လို့ ကိုယ်အကြိမ်ကြိမ် မှာထားတာကို ဒီမှာပဲ ထိုင်နေ ကိုယ်ဆေးသွားယူ လိုက်ဦးမယ် ''

ပွစိပွစိပြောရင်း မီးဖိုဆောင်ဘက်သို့ ဝင်သွားသော အဖိုးကြီးပေါက်စ xing အား တဘောတကျကြည့် ရင်းရယ်နေသော Suho ။ xing ရယ်သံသဲ့သဲ့ကြား လို့လှည့်ကြည့်လိုက်တော့ သူ့အား ကြည့်ကာ ထိုင်ရယ်နေသော ကလေးပေါက်စ.......

Xing pov ' မင်းရဲ့ အပြုံးလေးတွေကို ဖန်တီးပေး နိုင်ခဲ့တဲ့အတွက် ကိုယ်ဝမ်းသာပါတယ် ပြီးတော့ ဖန်တီးခွင့်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးပါ ကလေး

ခဏကြာတော့ သောက်ရမယ့် ဆေးနဲ့အတူ ရေတစ်ခွက်နဲ့ သူ့အနားရောက်လာသော Xing ကိုအလှပဆုံး အပြုံးတစ်ပွင့် နဲ့စီးကြိုကာ ယူလာပေးသော ဆေးကို သောက်လိုက်သည် ။

ချစ်ခဲ့ပါသည်...Where stories live. Discover now