E.P. 2 (uni)

559 43 0
                                    

ချစ်ခဲ့ပါသည် သို့သော်.....

Xing '' မစိုးရိမ်ရတော့ပါဘူး တိုးတက်လာပါပြီ ဒါပေမယ့် နောက်ထပ် ဒီလို မဖြစ်အောင်တော့ ဂရုစိုက်ရပါမယ် ဖြစ်နိုင်ရင်တော့ အမြန်ဆုံး ခွဲစိတ် ကုသစေချင်တယ် ''

Kyung '' ဟုတ်ကဲ့ပါ ခွဲစိတ်ဖို့ကို နောက်မှပဲ ပြန်ဆွေးနွေးပါ့မယ့် လောလောဆယ် ကျနော်တို့ မှာအရေးကြီး ကိစ္စလေး ရှိလို့ပါ ''

Xing တွေးလိုက်မိသည် ခွဲစိတ်ဖို့ထက် ဘာကများ အရေးကြီး သလဲဟု ။

Suho '' ဒါနဲ့ ဆရာ ကျနော်ဘယ်နေ့လောက် ဆေးရုံ ကဆင်းရမလဲ ''

ဒီညီအစ်ကိုနှစ်ယောက် ဘာတွေဖြစ်နေလဲ ဆိုတာ Xing မသိပေမယ့် xing သိတာတစ်ခုက ဆေးရုံက အမြန်ဆင်းချင်နေတာကိုပင်........ ။

Xing '' နောက်နှစ်ရက်လောက် နေရင် ဆင်းလို့ရ ပါပြီ ''

Kyung '' ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ''

Xing '' ဒါဆို ခွင့်ပြုပါဦး ''

Kyung '' nae ''

Xing ခုတင် ပေါ် လဲလျောင်းနေသော Suho ကို တစ်ချက် မျှငဲ့ကြည့်ပြီး လူနာခန်းထဲမှ ထွက်လာခဲ့သည် သူ ဒီဆေးရုံမှာ အလုပ်စဆင်း တည်းက တစ်လကို ၂ကြိမ်လောက် ဆေးလာစစ် သော Soho ကို သတိထားမိသည် ။ အသိထဲက စီနီယာကို မေးကြည့်တော့ မွေးရာပါ နှလုံးရောဂါ သည်တဲ့လေ အရင်ကဆေးလာစစ်ရင်တောင်
မိဘများနဲ့ အတူလာကြပေမယ့် အခုအသည်း
အသန်ဖြစ်လို့ ဆေးရုံတင်ရတာတောင် မိဘဖြစ် သူတွေက ရောက်မလာဘူး ဆိုတော့......

Xing ဆေးရုံးပျော်ကြီး ဖြစ်နေရတဲ့ အဓိက အကြောင်း ရင်းက suho ကြောင့်လည်း ပါသည် ။ Suho ဆိုတဲ့ ချာတိတ်က တဖြေးဖြေးနှင့် xing ရဲ့ဘဝထဲကို မသိမသာ တိုးဝင်လာနေသည် ။ Suho အရေးပေါ် ဖြစ်လို့ ဆေးရုံရောက် လာချိန် တုန်းကဆိုရင် xing အားရေခဲရိုက် ထားသလို
တောင့်တင်းအေးခဲ သွားစေသည် ။ အသက်အန္တာရယ်က လွတ်မြှောက်သွားသည့်
အချိန်မှ သူလည်း အသက်ဝဝ
ရှူနိုင်တဲ့အဖြစ် ။
အချစ်ဆိုတာ ဒါလား....

********************************

Ring....Ring...Ring.....

Yeol '' omm ပြော ''

Tao '' ဟေ့ကောင် Do group က သူေဋ္ဌးတို့
လင်မယားနှစ်ယောက်လုံး accident ဖြစ်ပြီး
ဆုံးပြီဆို အဲသတင်းက အမှန်လား ''

ချစ်ခဲ့ပါသည်...Where stories live. Discover now