EP.18 (uni)

454 35 0
                                    

ချစ်ခဲ့ပါသည် သို့သော်......

                    Ep. 18

Kyung '' ဇီရဲ့.... Suho နောက်လိုက်ပြီး သူဘာတွေလုပ်နေလဲ ဆိုတာ သေချာစုံစမ်းခဲ့ ပြီးတော့ ဒီနှစ်တွေမှာ သူဘာတွေလုပ် နေခဲ့လဲ ဆိုတာပါ သိချင်တယ် ''

Suho ပုံမှန် မဟုတ်သည်ကို သူသိသည် ။ သူတွေ့ခဲ့တဲ့ လူက Suho မဟုတ်ပဲ Suho နဲ့ တူအောင် ခွဲစိတ်ထားတဲ့ လူများလားဟူ၍ပင် သံသယဝင်မိသည် ။

ဇီရဲ့ '' ဟုတ်ကဲ့ပါ ''

ဇီရဲ့ဆိုတာ Kyung ယုံကြည်ရတဲ့ လက်ထောက် ဖြစ်သည် ။ သူ့ကို Xing ကိုယ်တိုင် Kyung ဆီကို ပို့လိုက်ခြင်း ဖြစ်သည် ။

Ring.....Ring.....Ring...

Kyung '' hello Xing hyung ''

Xing '' အဆင်ပြေရဲ့လား ''

Kyung '' အကုန်လုံး ကျနော်တို့ တွက်ထားသလိုပဲ
ဒါနဲ့ Xing hyung Korea ကို ဘယ်နေ့လောက် လာဖြစ်မလဲ ကျနော် hyung နဲ့ လူချင်းတွေ့ပြီး ဆွေးနွေးစရာ ရှိတယ် ''

Xing '' လာမယ့် အင်္ဂါနေ့လောက် လာဖြစ်မယ် ထင်တယ် ''

Kyung '' nae ဒါဆို အဲဒီနေ့ ရောက်မှပဲ တွေ့ကြတာပေါ့ ''

Xing နဲ့ စကားပြောပြီးတော့ ပန်းနေတဲ့ စိတ်ကို လန်းသွားအောင် လမ်းလျှောက် ထွက်လာခဲ့သည်
သူတောင်မသိလိုက်ပါပဲ လွန်ခဲ့တဲ့ ၂နှစ် လောက်က သူနဲ့ လူကြီးတို့ တွေ့နေကြ နေရာလေး ကို ရောက်သွားခဲ့သည် ။ အတန်ကြာ ရပ်နေပြီးမှ ခုံတန်းလေးပေါ် ထိုင်ချလိုက်သည် ။ သူဘယ်လောက်ပဲ မေ့ပျောက်ဖို့ ကြိုးစားကြိုးစား ၂နှစ်ပတ်လုံး သူ လူကြီးကို တစ်ရက်လေးမှ မမေ့ခဲ့ အခုချိန်မှာ လူကြီးက သူ့ဘဝနဲ့သူ သူ့ချစ်ဇနီး လေးရယ် သူ့ကိုယ်ပွားလေးတွေနဲ့ ပျော်စရာ မိသားစုလေး ဖြစ်နေလောက်ပြီ ။

Yeol '' ဒီတိုင်း ဆက်ထိုင်နေရင် မင်းအေးခဲ သွားနိုင်တယ်နော် ''

သူ့ရှေ့ ရောက်လာတဲ့ ခြေတစ်စုံနဲ့ ကြားလိုက် ရတဲ့ အသံ ခပ်သြသြ ကြောင့် Kyung ထိတ်လန့် သွားသည် ။

Yeol နေ့တိုင်းနီးပါ ထိုနေရာလေးကို ရောက်ဖြစ်သည် ။ တစ်နေ့ ကလေးများ သူ့ကို သတိရပြီး ထိုနေရာလေးမှာ ထိုင်နေမလား လို့ပေါ့ ဒီနေ့တော့ yeol မျှော်လင့်ထားသလို ဖြစ်လာခဲ့ပြီ သူ့ရှေ့တွင် ထိတ်လန့်ကာ သူ့အား ကြောင်ကြည့် နေသော သူ့ရဲ့ နှစ်ယောက်မရှိတဲ့ ကလေးလေး ။ မတွေ့ရတဲ့ ၂ နှစ်ကျော်မှာ အတော်လေး ရင့်ကျက် လာပုံပင် ။ သူ့ကလေး အအေးကြောက်တာ သူအသိဆုံးမို့ သူ့ရဲ့ ကုတ်ကို ချွတ်ကာ ကလေးအား ခြုံပေးလိုက်သည် အေးလွန်းလို့ ထင်ပါရဲ့ နားရွက် နဲ့ နှာခေါင်းထိပ် လေးတွေ နီရဲနေသည် ။

ချစ်ခဲ့ပါသည်...Where stories live. Discover now