EP.7 (uni)

441 35 0
                                    

ချစ်ခဲ့ပါသည် သို့သော်..... EP.7

ဒီနေ့နဲ့ဆို Kyung Bar မှာ အလုပ်လုပ်နေတာ တစ်ပတ်ပင် ကျော်နေပြီဖြစ်သည် ။ Eunwoo hyung ကလည်း သဘောကောင်းသည် သူ့အား ညီတစ်ယောက်လိုပင် ဂရုတစိုက်ရှိသည် ။ Sehun hyung နဲ့လည်း အတော် ရင်းနှီးနေပြီဖြစ်သည် ။

Xing '' ကလေး ကိုယ်အပြင်သွားမလို့ ကလေး အတွက်ဘာဝယ်ခဲ့ရမလဲ ''

Suho က လက်ညှိုး လေးနဲ့ နှုတ်ခမ်းလေးကို တေ့ပြီးစဉ်းစားခန်း ဝင်နေလေရဲ့ ။

Su '' ဦး ဝယ်ချင်တာပဲ ဝယ်ခဲ့တော့ ကျနော်က ဘာဖြစ်ဖြစ်စားတယ် ''

Xing က Suho ကို တစ်ယောက်တည်း ထားခဲ့ပြီး မသွားချင်ပေမယ့် ဟိုကောင်တွေက အတင်းခေါ် နေသည်မို့ မသွားလို့မရ သူတို့တွေနဲ့မဆုံတာလည်း တစ်လပင်ပြည့်တော့မယ် ။ ဒါကြောင့် ခဏဖြစ်ဖြစ် သွားရန် ဆုံးဖြတ်လိုက်သည် ။

Xing အိမ်မှာ နေတဲ့အတောအတွင်း Suho က အတော်လေး ကျန်းမာလာသည့်အပြင် Xing ရဲ့ ဂရုစိုက်မှာကြောင့် အရင်က ပါးရိုးတွေပင် အခုဆိုပြည့်ပြည့် ဖောင်းဖောင်းလေး ဖြစ်လို့နေသည် ။ Suho ကလည်း Kyung ထက် Xing ကို ပိုတွယ်ကပ်ပြီး ပိုဂျီကျတတ်လာသည် ။ ဒါကိုပဲ Xing မှာပျော်၍ မဆုံး...... ။

Eun '' D.O. ရား hyung ပစ္စည်း စစ်စရာရှိလို့ Hyung နဲ့ခဏလိုက်ခဲ့ပေးပါဦး ''

Kyung '' nae hyung ''

Kyung တို့ထွက်သွားပြီး မကြာမီ Yeol တို့ရောက် လာသည် ။

Tao '' ဟေ့ကောင် Xing မင်းဘာဖြစ်နေတာ မင်းကြည့်ရတာ အိမ်သာတက်ချင်လို့ မတက်ရတဲ့ အတိုင်းပဲ ဂဏကိုမငြိမ်ဘူး ''

ထိုင်ကတည်းက ဂဏာမငြိမ် ဖြစ်နေသော xing ကို Tao ပိတ်ဟောက်လိုက်သည် ။ အခြားသူတွေနဲ့က တစ်ပတ်ကို တစ်ခါတွေ့ကြသည် ။ Xing သာ ဟိုအကြောင်းပြ ဒီအကြောင်းပြနှင့် သူတို့နဲ့ xing မဆုံဖြစ်သည်မှာ တစ်လပင် ရှိတော့မယ် ။

Xing ကခေါင်းကုတ်ပြီး

Lu '' မင်းဒီတစ်လော ခြေလှမ်းတွေပျက်နေတယ် နော် ပြောစမ်း မင်းဘာတွေလုပ်နေတာလဲ မဟုတ်မှ မင်းအိမ်မှာ မိန်းကလေးတွေ ဘာတွေ ဖွက်ထား တာလား ''

Lu ကြောင့် အားလုံး ပွဲကျသွားတော့သည် ။

Yeol '' ဒီကောင် အဲလောက်ထိ အဖြစ်မရှိလောက် ပါဘူးကွာ မင်းမို့လို့ အထင်ကြီးပြီး သွားမေးနေတယ် "

ချစ်ခဲ့ပါသည်...Where stories live. Discover now