EP.19 (Zawgyi)

1.1K 118 13
                                    

ချစ်ခဲ့ပါသည် သို့သော်.....

EP.19

Yeol '' အဲဒီအရွက်က နွမ်းနေပြီ ဒီဘက်ကဟာ ပိုလတ်တယ် ဒီဘက်ကယူ ''

Kyung '' ဒီမှာ ခင်ဗျားဘာလို့ တစ်မနက်လုံး ကျနော့်ကို လာနှောက်ယှက်နေရတာလဲ ''

မနက် Kyung တိုက်ခန်းက ထွက်သည်နှင့် နောက်ကနေ တကောက်ကောက်လိုက်ပြီး လျှာရှည်နေသော Yeol ကြောင့် Kyung ရဲ့ သည်းခံမှု ဒီဂရီ ကုန်ဆုံးသွားတော့သည် ။
Kyung အော်လိုက်ပေမယ့် သူ့ကိုမပြောနေသလို ပြုံးပြီးကြည့်နေသော yeol ကြောင့် kyung ရူးချင်လာသည် ။

Yeol '' ကိုယ်က နှောက်ယှက်နေတာမှ မဟုတ်တာ အကောင်းနဲ့ ပြောပြနေတာကို ဒီမှာကြည့်ပါလား Kyung လက်ထဲက အရွက်ထက် ဒီဘက်က ပိုပြီးလတ်ဆတ်တယ် ''

Yeol ပြောတာလည်း မှန်နေပြန်သည် ။ ဒါပေမယ့် တစ်မနက်လုံး သူ့နောက်လိုက်ပြီး ဒါလေးက ဘာဖြစ်တယ် ဟိုဟာလေးက ပိုကောင်းတယ်နဲ့ လုပ်နေတာ နှောက်ယှက်တာ မဟုတ်လို့ဘာတုန်း
Kyung လည်း စိတ်လေစွာနဲ့ လက်ထဲက အရွက်ကိုချကာ လှည့်ထွက်ခဲ့တော့သည် ။

ဒါလည်း Yeol က အပြုံးမပျက် နောက်က လိုက်မြဲပင် ။ ခဏနေတော့ kyung က ဆိုင်တစ်ဆိုင်ထဲ ဝင်သွားတော့ သူလည်း လိုက်ဝင်သွားသည် ။

Kyung '' ဒီမှာ Park Chanyeol shi.... တခြား နေရာတွေလည်း လွတ်နေရဲ့သားနဲ့ ဘာလို့ ဒီမှာလာထိုင်ရတာလဲ ''

Yeol '' ဘာကြောင့်လဲ ဆိုတော့ ဒီနေရာက ရှုခင်းကောင်းတယ်လေ ''

Kyung မှာ အူကြောင်ကြောင် ဖြစ်သွားရသည် ။ နောက်ကြောဘက်တွင် နံရံသာရှိပြီး ဘေးဘက်တွင်လည်း အခြား စားပွဲဝိုင်းများအပြင် ကြည့်ကောင်းသည်ဟူသော ရှု့ခင်းက မရှိရေးချ မရှိ ။

Yeol '' ကိုယ်ရှေ့မှာ ဒီလောက် ကြည့်ကောင်းတဲ့ ဂန္တဝင် မြှောက် ပန်းချီကား လေး ရှိနေမှတော့ ဘာလို့ တခြားမှာ သွားထိုင်ရမှာလဲ ''

Kyung '' ခင်ဗျား.... ''

" လူကြီးမင်းတို့ ဘာသုံးဆောင် ကြမလဲ ခင်ဗျ ''

စားပွဲထိုးရောက်လာတာကြောင့် kyung ပြောမယ့် စကားတွေ လည်ချောင်းဝမှာတင် ပျောက်သွားသည် ။သို့သော် လူသတ်ချင်တဲ့ အငွေ့အသက်တွေ တရှန်းရှန်းတောက်နေတဲ့ မျက်လုံးအကြည့်တို့ကတော့ yeol ဆီမှ မခွာပေ ။
ခဏကြာတော့ သူ့အကြည့်တွေကို yeol ဆီမှခွာပြီး မျက်လွှာချကာ နေလေသည် ။

ချစ်ခဲ့ပါသည်...Where stories live. Discover now