External...

1K 56 2
                                    

ဒီအဖြစ်အပျက်တွေ ပြီးတော့ yeol တို့ တစ်ဖွဲ့လုံး ဂျယ်ဂျူးကို အနားယူဖို့ သွားခဲ့ကြသည် ။ ဒီမတိုင်ခင် kyung ဟာ အလုပ်ကိစ္စ ရော အမှုကိစ္စ နှင့်ပါ အလုပ်ရှုပ်နေခဲ့သည်မို့ လူလည်း အတော် ပင်ပန်းသွားခဲ့သည် ။ ဒါကြောင့် yeol ဟာ Kyung ကိုမရ ရအောင် ခေါ်လာခဲ့သည် ။ လူလေ စက်ရုပ်မှ မဟုတ်တာ ။ အနားယူသင့်သည်လေ ။

Yeol '' ကလေး ရောက်ပြီ ထတော့ ''

သူ့ပခုံးပေါ် ခေါင်းလေးမှီပြီး အိပ်မော ကျနေတဲ့ Kyung ကို ညင်သာစွာ နိုးလိုက်သည် ။

Kyung,'' ရောက်ပြီလား ဝါးးးးး ''

သမ်းဝေနေရင်း အကြောဆန့်နေတဲ့ Kyung ရဲ့ ချစ်စရာ အပြုအမူလေးကို မျက်တောင် မခတ်တမ်း လိုက်ကြည့်နေသူက yeol ရယ်လေ ။

Yifan '' မင်းတို့ နှစ်ယောက် ဒီတစ်သက် ဒီကားပေါ်က ဆင်းဦးမှာလား ''

Yifan ပြောမှ မပျင်းကြော ဆွဲနေတဲ့ Kyung နဲ့ သူ့ကို ငမ်းနေတဲ့ Yeol တို့ ကားပေါ်မှ ဆင်းလာတော့သည်

Kyung '' suho တို့ရော ''

Tao '' မင်းယောက်ဖနောက် လိုက်သွားပြီ ''

Yeol '' ကိုယ်တို့လည်း အခန်း သွားငှါးရအောင် ''

Kyung '' nae ''

Tao '' ya!!! မင်းတို့နှစ်ယောက် ကိုယ့်အထုတ်ကိုယ် သယ်သွားကြလေ ''

Kyung '' hyung ကလည်း အထုတ်က များတာလည်း မဟုတ်ပဲနဲ့ တစ်ခါတည်း သယ်ခဲ့လိုက်ပါဗျာ ''

Tao '' ya...!!!!! Do Kyung Soo မင်း ဘယ်ချိန်တည်းက အခုလို အနိုင်ကျင့် သွားတတ်တာလဲ မင်းလည်းကြာလေ မင်း အကောင်လိုပဲ ''

Kyung ကတော့ Tao စကားတွေကို ဂရုမစိုက်ပဲ လက်ပြကာ yeol နဲ့ အတူထွက် ခွာသွားသည် ။
နောက်မှ Tao ကတော့ ဆွေ့ဆွေ့ခုန် ကာ ကျန်ခဲ့လေရဲ့ ။

Yifan '' ကလေးနဲ့ ဖက်ပြီး ရန်ဖြစ်မနေပါနဲ့ ''

အမှန်တော့ Tao လည်း Kyung အပေါ် စိတ်မဆိုး ပေ သူ kyung နဲ့ ရန်စ နေရတာကို ပျော်သည် ။ သူအမြဲတမ်း ရှုံးနေပေမယ့်ပေါ့ ။ သူကိုယ်တိုင် ကလည်း Kyung နဲ့ အခုလိုဖြစ်တိုင်း အမြဲအလျော့ ပေးတတ်သည် ။ သူ Kyung လို ညီငယ် တစ်ယောက်ကို လိုချင်နေခဲ့တာ ကြာပြီ
မဟုတ်လား ။ အခုသူ မကျေမနပ် ဖြစ်နေရတာက yeol အထုတ်တွေပါ သယ်ရမှာမို့ပင် ။

You've reached the end of published parts.

⏰ Last updated: Dec 21, 2019 ⏰

Add this story to your Library to get notified about new parts!

ချစ်ခဲ့ပါသည်...Where stories live. Discover now