EP.16 (uni)

390 31 0
                                    

ချစ်ခဲ့ပါသည် သို့သော်..... EP. 16

Jongin ဒီနေ့ hyung နဲ့ တွေ့ရမည်ဆိုလို့ တက်ကြွ တဲ့ကြက်ဖဖြစ်နေသည် ။ အိမ်ကနေ စောစောထွက် လာပြီး hyung နဲ့ ချိန်းထားတဲ့ နေရာလေးဆီကို လာပြီး hyung အလာကို ထိုင်စောင့်နေသည် ။ hyung နဲ့ ချိန်းထားတာက ၁၁ ခွဲ လောက်မှ ဖြစ်ပေမယ့် Jongin စိတ်လောပြီး ၁၀ နာရီလောက်တည်းက စောင့်နေလေသည် ။

Jongin စောင့်နေတာ အတော်ကြာပြီ ဖြစ်ပေမယ့် Baek ရောက်မလာသေးပေ ။ လက်ကောက်ဝတ် ပေါ်က နာရီလေးကို ကြည့်လိုက်တော့ ၁၂ ပင်ခွဲနေပြီ ဖြစ်သည် ။

JN '' hk...... ငါတော်တော် ရူးတာပဲ တစ်ခါပဲ တွေ့ဖူးတဲ့ လူတစ်ယောက်ကို ဘယ်သူက အချိန်ပေး ပြီး လာတွေ့မှာလဲ ''

JN ရဲ့ ရင်ဘတ်ဟာ အကြောင်းမဲ့စွာ နာကျင် လာရသည် ။ ဒါဟာ မဖြစ်သင့်မှန်း သိပေမယ့် သူ့အနေနဲ့ နောက်ကျသွားခဲ့ပြီ ဖြစ်သည် ။ သူ hyung ကိုစတွေ့တည်းက သူ့နှလုံးသား ထဲမှာ hyung က နေရာယူနှင့်နေပြီးသား ဖြစ်သည် ။ အချိန်တွေဟာ တရွေ့ရွေ့နဲ့ ကုန်ဆုံးရင်း ည ၉ နာရီပင် ရောက်နေပြီ ဖြစ်သည် ။ ဘယ်လိုလုပ် တစ်နေကုန် သွားလဲဆိုတာ JN မသိပေ ။ သူကတော့ ထိုနေရာလေးမှာသာ ထိုင်ကာ ငိုင်နေဆဲဖြစ်သည် ။

Baek '' jongin? "

မမျှော်လင့်ပဲ သူကြားချင်နေတဲ့ အသံလေး ရုတ်တရက် ကြားလိုက်ရတော့ Kai ဆတ်ခနဲမော့ ကြည့်လိုက်သည် ။ ဒီမျက်နှာ ဒီအကြည့် ဒီသံ ဒီအငွေ့ အသက်လေး သူလွမ်းနေခဲ့ရပါသော တစ်ယောက်သောသူ ။

Baek ကိုတွေ့လိုက်ရတော့ Jongin ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး baek ကို လွှတ်ထွက် သွားမည့် အလား တင်းကြပ်စွာ ထွေးဖက်ထားလိုက်သည် ။ baek ကတော့ ကြောင်အစွာ နှင့် မလှုပ်မယှက် ငြိမ်သက်နေသည် ။

JN '' ကျနော်.....ကျနော်ထင်တာက hyung မလာ တော့ဘူးလို့ ''

Baek '' miyanae hyung အရေးကြီး ကိစ္စပေါ် လာတာကြောင့် ပြီးတော့ မင်းလည်း အကြာကြီး စောင့်နေမယ် မထင်မိလို့ ''

မနက်က baek ထွက်လာခါနီးမှ ရုတ်တရက် ပြဿနာ ပေါ်လာတာကြောင့် ထိုကိစ္စကို ဖြေရှင်းရင်းနဲ့ Jongin နဲ့ ချိန်းထားတာကို မေ့သွားခြင်း ဖြစ်သည် ။ ကိစ္စပြီးပြတ်လို့ နာရီ ကြည့်လိုက်တော့ ညနေ ၄ နာရီပင် ထိုးနေပြီ ဖြစ်သည် ။ ဒါကြောင့် JN လည်း ပြန်လောက်ပြီ ထင်လို့ သူခဏလောက် မှေးလိုက်တော့ ပင်ပန်း နေတာကြောင့် အိပ်ပျော် သွားခဲ့ရာမှ နိုးလာတော့ ည ၈ နာရီခွဲ နေပြီဖြစ်သည် ။ စိတ်ထဲ ခုနေသလို ဖြစ်နေတာကြောင့် ဘာရယ်မဟုတ် Jongin နဲ့ ချိန်းဆိုထားကြတဲ့ နေရာကို ရောက်လာခဲ့တော့ မထင်မှတ်ပဲ ခေါင်းငိုက်စိုက်ကျနေတဲ့ Jongin ကို တွေ့လိုက်ကာ သူခဏတာ အံ့သြသွား သည် ။ တစ်ခဏလေး ဆုံတွေ့ပြီး ရင်းနှီးခဲ့တဲ့ လူတစ်ယောက် ကို အချိန်ပေးပြီး စောင့်နေမယ်လို့ သူမထင်ထားပေ ။ Jongin ကိုတွေ့လိုက်ရတော့ ရင်ဘတ်က နာလာသလိုလိုနဲ့ ဘယ်လိုမှန်းမသိ ။

ချစ်ခဲ့ပါသည်...Waar verhalen tot leven komen. Ontdek het nu