1

25.6K 1.3K 41
                                    

"အားးးးးးးးးးးးးးးးးး"
.
.
.
.
.
.
.
.
.
.
.
." ဖယ်​ ဖယ်​ ဘာလုပ်​တာလဲ။"

မှောက်​ယက်​လှဲနေရာကနေ ခြေနှစ်​ဖက်​ကို
ယက်​ကန်​ကာ အော်​ပစ်​လိုက်​သည်​။

"အား ...... သေပါပြီ။"

ဟိုက ဖယ်​ပေးလိုက်​မှ လုဟန်​ ထထိုင်​လိုက်​ပြီး
လှည့်​ကြည့်​လိုက်​တော့ ထင်​သည့်​အတိုင်းပင်​။

"ဘာလာလုပ်​တာလဲ သူများကို။"

စပ်​ဖြီးဖြီး လုပ်​နေသော အနှီလူသားအား
ခြေထောက်​ဖြင့်​ ကန်​ထုတ်​လိုက်​မိတော့သည်​။

---------

"မတောင်းပန်​နိုင်​ဘူး။
သူမှားတာ သူ့တောင်းပန်​ခိုင်း။"

"လုဟန်​!!!!!!! "

ချန်း မျက်​လုံးတွေက မီးတောက်​မတတ်​ ဖြစ်​နေကာ
လုဟန်​ကို စုံထဲ ပစ်​ထည့်​ထောင်းချင်​နေပုံပင်​ပေါ်နေပါ၏။

"မတောင်းပန်​နိုင်​ဘူးနော်​။"

လုဟန်​ အသံစူးစူးလေးကလည်း မာထန်​စွာ
ထွက်​ပေါ်လာသည်​။

"လုဟန်​ ညီလေး....."

ခြောက်​မရတော့ ချော့ပြောဖို့ ချန်းကြံရပြန်​ပါ၏။

"အမှားလုပ်​ပြီးရင်​ တောင်းပန်​ရမယ်​လေ။"

ချန်းရဲ့ အကြည့်​တွေဟာ ဆယ်​ဟွန်းဘက်​ကို
အားနာဟန်​ဖြင့်​တစ်​လှည့်​၊
လုဟန်​ကိုလည်း အမှုန့်​ ကြိတ်​ချင်​ဟန်​ တစ်​လှည့်​ဖြင့်
ဟိုဘက်​ဒီဘက်​ ပြာယာလျက်​ရှိနေပါသည်​။

မိမိအားဆူနေသော အကိုကြောင့်​ရော။
မိမိမှာ မိမိကိုထိလို့ တုံ့ပြန်​သည်​ကိုပင်
အပြစ်​တင်​ခံနေရသောကြောင့်​ရော။
လုဟန်​မှာ စိတ်​တိုရလို့ ရူးတော့မည်​ထင်​သည်​။

့ကြည့်​လိုက်​တော့ အကို့ဘေးမှာ ဟိုလူကြီးက
ခါးကို ပွတ်​ကာ တကျွတ်​ကျွတ်​ငြီးနေဆဲပဲ။

"ဟေ့ဟေ့ လုဟန်​......
မင်းက ဘယ်​သူ့ကို ရန်​လုပ်​ချင်​နေတာလဲ။
မင်း မန်​နေဂျင်း ရင်​ဘတ်​ကို ကန်​တာ
မေမေ သိရင်​ မင်းအရိုက်​ခံရမှာနော်​။"

ပီကေ    ပီကေ   [completed]Where stories live. Discover now