23

6.3K 934 143
                                    

အိမ်​ကထွက်​တုန်းက
လုဟန်​ဟာ တိတ်​ဆိတ်​နေခဲ့သလောက်
အပြန်​လမ်းမှာတော့ တိတ်​ဆိတ်​သူဟာ
ချန်းဖြစ်​လေသည်​။

ခေါင်းထဲမှာ အတွေးပေါင်းစုံပြွတ်​သိပ်​ခဲနေသည်​မို့
တောက်​လျှောက်​တွေးယူပေမယ့်
ဘယ်​အတွေးအတွက်​မှ အဖြေမရလာဘူး။

ရုပ်​ရှင်​ကြည့်​ပြီးကတည်းက ချန်းမှာ
စိတ်​နဲ့လူနဲ့ မကပ်​တော့။
တစ်​ခုခုကို နှမြောတသဖြစ်​နေခဲ့ပြီး
ဝမ်းနည်းစိတ်​တွေရော ရှက်​ရွံ့စိတ်​တွေပါ
လှိုက်​တက်​နေသည်​။

သူ့ကို မဆန့်​ကျင်​ဘဲ ကြည့်​ပြီးသားရုပ်​ရှင်​ကို
ထပ်​ပြီး သည်းခံကြည့်​ပေးတဲ့ လုဟန်​စိတ်​ထဲမှာ
ဘာတွေများ တွေးနေခဲ့ပါလိမ့်​။

သူမျက်​နှာပျက်​သွားမှန်းသိတော့မှ
ဝန်​ခံမိသွားတာ မှားပြီလားဆိုတာကို
လုဟန်​တွေးမိသွားပုံပေါ်သည်​။

၂ခါပြန်​ကြည့်​တာတောင်​ ဇာတ်​ကားကရိုးမသွားလို့
နောက်​တစ်​ကြိမ်​ ဗြောင်​နဲ့ ကြည့်​ပါအုံးမယ်​တဲ့။

စကားပြန်​ဖာသည့်​ သဘောနှင့်
ပြောလာမှန်းသိတာမို့ 
သူ့မှာ စိတ်​ပါလက်​ပါ လက်​မခံနိုင်​။

လက်​ချိတ်​ပြီး တီတီတာတာပြောနေကြသော
စုံတွဲတွေများတွေ့မိလျှင်​ သူ့ရင်​ထဲနာလာသည်​။

သူ့ညီလေးဆိုလျှင်​လည်း ဟိုလူနဲ့။

သူကိုယ်​တိုင်​တောင်​ မြင်​ကွင်းတစ်​ခုကို
မျက်​ဝါးထင်​ထင်​ မြင်​ခဲ့ပြီးပြီပဲ။

ဒါမျိုးတွေက ဆက်​တွေးစရာမလို။

အရူးကောင်​လေးရဲ့....
ဘာလို့များ သူစိမ်းကိုယုံစားပြီး
လိုက်​လိုက်​လျောလျော နေခဲ့ရသလားကွယ်​။

နှမြောသည်​။
သူ့လက်​ဝါးထဲ နစ်​မြုပ်​ခဲ့ဖူးသော
ဖောင်းအစ်​နုမွတ်​သည့်​ လက်ဖဝါးလေးက
တစ်​ပါးသူနဲ့ လိုက်​ဖက်​စွာ တွယ်​ချိတ်​တတ်​နေပြီ။

မွှေးကြူ ဖူးခဲ့သော ပါးဖောင်းလေးတွေက
ခုတော့.....

ဘေးကနေ အရိပ်​တကြည့်​ကြည့်​ကပ်​ပါလာတဲ့
လုဟန်​ရဲ့ လက်​ဝါးလေးတစ်​ဖက်​ကို
သူဆွဲမိလိုက်​သည်​။

ပီကေ    ပီကေ   [completed]Where stories live. Discover now