15

9.3K 1K 267
                                    

လုဟန်​ဆီက ကိုကိုလို့ ခေါ်တာ
ကြားလိုက်​ရပြီးနောက်​ ဆယ်​ဟွန်းမှာ
လမ်းလျှောက်​ရင်​တောင်​ ခြေနဲ့မြေနဲ့မထိချင်​တော့။

ကားမောင်းရင်​လည်း ကားကြီးဟာပျံတက်​ပြီး
လေယာဉ်​လို ပျံသန်းနေပြီဟုပင် ထင်​ရသည်​။

ကိုကို တဲ့။
ကိုကို ပါတဲ့ ခင်​ဗျာ။

လုဟန်​ က သူ့ကို
ဘယ်​လောက်​တောင်​ချစ်​မိသွားလို့ပါလိမ့်​။

အိုဆယ်​ဟွန်းဆိုတဲ့ သူက
ဆွဲဆောင်​မှု ရှိလွန်းတာသိပေမယ့်
ဟန့်​လို မာနခဲ စွာတေးလန်​လေး
ပြန်​ချစ်​လာအောင်​ ဒီလောက်​မြန်​မြန်
လှုပ်​ရှားနိုင်​မယ်​လို့ မထင်​ထားဘူး။

"မန်​ .....မန်​နေဂျင်း။"

လက်​မှတ်​ထိုးရမယ့်​ စာအုပ်ကို
ဖတ်​နေပုံလည်း မရပါဘဲ တစ်​ရွက်​စီလှန်​ရင်း
ပြုံးစိစိလုပ်​နေတဲ့ မန်​နေဂျင်းကို
အတွင်းရေးမှူးလီခမျာ စောင့်​နေရတာကြာပြီ။

ပုံနေတဲ့ အလုပ်​တွေကို ညှာတာကာ
မဝံ့မရဲ အသံထွက်​ခေါ်လိုက်တော့မှပဲ
ပီတိဖြာနေသလို မျက်​နှာထားနဲ့ မန်​နေဂျင်းက
ပြုံးနေရာကတည်​၍ နှုတ်​ခမ်းတွေက
မျဉ်းဖြောင့်​လို တည်​သွားခဲ့သည်။

"အဟမ်း....အဟမ်း....ဒါတွေလား။"

အတွင်းရေးမှူးခမျာ
ကျေးဇူးကို ကြံဖန်​တင်​ရသေးသည်​။
သူတို့မန်​နေဂျင်းတစ်​ယောက်
စိတ်​နဲ့ လူနဲ့ ပြန်​ကပ်​သွားပြီလေ။

တကယ်​ကိုပါပဲ။

__________________________

"ဟေ့ကောင်
ဆိုစမ်းပါအုံး.... ချိန်းရတဲ့ အကြောင်းလေး။"

ဂျုံအင်​က သူ့ဘေးခုံမှာ ဝင်​ထိုင်​ကာ မေးလာတော့
သူက လက်​ထဲက လက်​စဖြစ်​နေသည့်​ ဝိုင်​ကို
ကုန်​အောင်​ မော့ချပစ်​လိုက်​သည်​။

"အဟမ်း.....
မင်းငါ့ကို ဂုဏ်ပြုလို့ရအောင်
အလိုက်​တသိ လှမ်းခေါ်ပေးတာ။"

ဂျုံအင်​က ခွက်​ထဲကို ဝိုင်​ငှဲ့ထည့်​ရင်း
ဘာမှမအံ့သြသလို ခပ်​ပြုံးပြုံး။

ပီကေ    ပီကေ   [completed]Where stories live. Discover now