8

9.4K 1K 29
                                    

"ကိုယ်​နဲ့ အွန်​အ က ဘာမှမဆိုင်​ဘူး။"

ကားမောင်းနေတဲ့ ဆယ်​ဟွန်းဆီကနေ စကားသံ
ထွက်​လာတော့ လုဟန်​ ကိုယ်​လေးမတ်​ကနဲပဲ။

"ဘယ်​သူက မေးလို့လဲ။"

ပေစောင်​စောင်​ကြည့်​ပြီး ဘုထောလိုက်​ပေမယ့်
လုဟန့်​မျက်​နှာပေါ်က အပြုံးလေးကိုတော့
ဆယ်​ဟွန်း မှန်​ထဲကတစ်​ဆင့်​ မြင်​လိုက်​ရပါတယ်​။

"သိချင်​နေမလားလို့လေ
ကိုယ်​နဲ့ ကိုယ့်​သူငယ်​ချင်းကို
တစ်​မျိုးမြင်​နေရင်​ ဘယ့်​နှယ့်​လုပ်​မတုန်း။"

အင်​။
လုဟန်​ကပဲ တစ်​မျိုးထင်​ရအုံးမယ်​တဲ့။

"သူများအကြောင်းကို စိတ်​မဝင်​စားအားဘူး။"

လုဟန်​ဟာ လုံးဝကို အကြောမခံသူလေးပါ။

ဆယ်​ဟွန်းက သူ့ကို တရေးတယူပြောပြလာတာကို
စိတ်​ထဲ သဘောကျသွားပေမယ့်
အပြင်​ပန်းမှာတော့ လုံးဝဂရုမစိုက်​ဟန်​ပြပါသည်​။

လုဟန်​တို့ကတော့ အကြောခံမှာမဟုတ်​ပါဘူး။
ဘာလို့ဆို တစ်​မျိုးအထင်​ခံရမှာ ကြောက်​တဲ့သူကပဲ
အောက်​ကျို့ပြီး ရှင်းပြသင့်​တာပေါ့။

"အင်း ပြီးတာပါပဲ။နောက်​မပြောတော့ဘူး။"

ဆယ်​ဟွန်းက
လေသံအေးအေးလေးနဲ့ပြောလာတော့
လုဟန်​မှာ မခံမရပ်​နိုင်​ဖြစ်​သွားရပြန်​ပါသည်​။

(ဘာမှန်းမသိပေမယ့်​ )သူ့ကို တစ်​ခါမှ မပြောဖူးတဲ့
လေသံနဲ့ ပြောလာတာကြောင့်​မလို့ လုဟန်​စိတ်​တော့
အနည်းငယ်​ထင့်​သွားပါသည်​။

မသိချင်​ယောင်​ဆောင်​ဖို့ကြိုးစားပေမယ့်
အရင်​ကဆို ၅ မိနစ်​တစ်​ခါလောက်
လုဟန်​ကို မှန်​ကတစ်​ဆင့်
ကြည့်​တတ်​သည့်​ မျက်​ဝန်းတွေက အခုတော့ဖြင့်
လုဟန်​ဆီကို တစ်​ကြိမ်​တစ်​ခါမှ ရောက်​မလာတော့။
လုဟန်​စိတ်​ထဲ လုံးဝအဖုအထစ်​ဖြစ်​သွားရပြီ။

ဘာလား ဒီလူကြီးက။
သူ့ကို စိတ်​တစ်​ဖန်​ဆိုးနေတာလား။
ဒါမှမဟုတ်​.....အချော့ခံချင်​နေတာလား။
လုံးဝတော့ မချော့နိုင်​ပါဘူး။
ဒီစကားလေးပြောတာကို စိတ်​ဆိုးရလားဆိုပြီး
လုဟန်​တွေးနေမိပါသည်​။

ပီကေ    ပီကေ   [completed]Where stories live. Discover now