24

6.7K 959 91
                                    

"ကျွန်​တော်​က လုဟန်​ ရဲ့ ချစ်​သူပါ။"

အသိပေးသလို နှုတ်​ဆက်​လိုက်​သည့်​အခါ
လုဟန်​တစ်​ယောက်​ လှေကားကနေ
တဒုန်းဒုန်းပြေးဆင်းလာပါတော့သည်​။

"ဘာလာလုပ်​တာလဲ။"

ခပ်​ကျိတ်​ကျိတ်​ပြောလိုက်​ပြီးသည်​နှင့်
လုဟန်​လက်​လေးက
အိုဆယ်​ဟွန်းရဲ့လက်​မောင်းကို
ဆွဲလိမ်​လိုက်​ပြီးသားဖြစ်​သည်​။

ကုတ်​အင်္ကျီသားထူထူကို​ ဖြတ်​ပြီးတောင်
လက်​မောင်းကို ထိထိမိမိ ဆွဲနိုင်​သည်​ဆိုတော့
လုဟန်​ရဲ့ လက်​ဆိပ်​ကို ခန့်​မှန်းကြည့်​ကြပါတော့။

ဆယ်​ဟွန်းခမျာ လက်​ထဲက အထုပ်​ကို
ဘေးခဏချလိုက်​ရပြီး
လုဟန်​ရဲ့လက်​လေးကို
ဟန်​မပျက်​ ဖယ်​ထုတ်​နေရသည်​။

"ဘာလာလုပ်​တာလဲ....ဆို။"

လက်​ကဖယ်​မပေးသေးဘဲ လိမ်​ထားလက်​စနဲ့
ခပ်​ကျိတ်​ကျိတ်​မေးကာ မျက်​လုံးကလည်း
မီးဝင်းဝင်း ပိုပြီးတောက်​လျက်​ရှိသည်​။

လုဟန်​ဖေဖေက ကြောင်​အမ်းအမ်းဖြင့်
ရပ်​ကြည့်​နေတာမို့ မျက်​နှာရိပ်​မျက်​နှာကဲ ပြပြီး
ဆယ်​ဟွန်းက ဖယ်​ပေးဖို့ ပြောနေပေမယ့်​မရ။

ခြေထောက်​ကလည်း
ဘယ်​တော့ ဆောင့်​နင်းချလာမလဲ မသိတာမို့
ဆယ်​ဟွန်းမှာ တွေးပူနေရသေးသည်​။

ယောက္ခမအိမ်​လာလည်​တာ
ယောက္ခမကို မကြောက်​ရဘဲ
ရည်းစားကိုပြန်​ကြောက်​နေရတဲ့ ဆယ်​ဟွန်းအဖြစ်​။

"လုဟန်​ ...သားငယ်​။"

ဖခင်​က အမည်​ခေါ်ပြီး ဟန့်​လာတော့မှပဲ
လုဟန်​ခမျာ သူ့အဖေကို သတိရသွားပြီး
တုန်​ကနဲ ဖြစ်​သွားလေသည်​။

"မောင်​ရင်​..လာထိုင်လေ။"

ဆယ်​ဟွန်းလည်း နာသွားတဲ့ လက်​ကို ပွတ်​ပြီးမှ
အထုပ်​ကို ပြန်​ဆွဲနိုင်​သည်​။

"ဒီမှာပါဗျ...ဟိုလေ..လက်​ဆောင်​ပေးချင်​ပေမယ့်
ဘာဝယ်​ရမလဲ မသိတာနဲ့ပဲ..အဲ့ဒါ..."

စားပွဲပေါ် တင်​ပေးလာသည့်​ အထုပ်​များကို
ကြည့်​ပြီး Mr.Kim ပြုံးစိစိဖြစ်​သွားရသည်​။

ပီကေ    ပီကေ   [completed]Where stories live. Discover now