9

9.4K 1K 28
                                    

နှုတ်​ခမ်းနှစ်​လွှာ ဟလျက်​ အိပ်​မောကျနေသော
လုဟန်​ကို ဆယ်​ဟွန်းပြုံးကြည့်​နေမိသည်​။

စောင်​ပါးလေးလွှမ်းခြုံပေးထားတာမလို့
မျက်​နှာတစ်​ခြမ်းလေးပဲ မြင်​ရသည့်​အနေအထား။

စင်းကျနေတဲ့ မျက်​တောင်​လေးတွေက
ကော့ဖြာနေသည်​။

ထိုမျက်​တောင်​တွေအောက်​မှာ
သူ့ကို စူးစူးရဲရဲကြည့်​တတ်​သည့်
သမင်​မျက်​ဝန်းလေးရှိသည်​။

သဘာဝအတိုင်းချယ်​ရီရောင်​သမ်းနေသည့်
နှုတ်​ခမ်းဖူးဖူးလေးကဆိုရင်
သူ့ကိုဆို တစ်​ခါမှ စကားကောင်းမပြောဘဲ
နှာဘူးချည့်​ ထပ်​အောင်​ ခေါ်တတ်​သည်​။

နဖူးပေါ်က ဆံပင်​ရှုပ်​ပွပွလေးကို
လက်​နဲ့ အသာသပ်​တင်​ပေးလိုက်​တော့
မျက်​ခုံး အထက်​နားမှာ မှဲ့လေး။

အသက်​ရှူ သံတွေပြင်းတဲ့အထိ
အိပ်​မောကျနေသည့်​ ကောင်​လေးက ချစ်​မဝချင်​စရာ၊

ဒီစွာတေးလန်​လေးကို
သူဘယ်​လိုများ ချစ်​ခဲ့မိပါလိမ့်​။

ပထမဆုံးတွေ့သည့်​ အချိန်​က ကဗျာဆန်​လှသည်​။

သူ့ဝန်​ထမ်းဖြစ်​တဲ့ ချန်းအိမ်​ကို
အကြောင်းကိစ္စတစ်​ခုကြောင့်​သွားရင်းနဲ့
တွေ့ခဲ့တာဖြစ်​သည်​။

နှင်းဆီပန်းအိုးတွေ နားမှာ
ထိုင်​နေသည့်​ ကောင်​လေး။

ဆံပင်​ဝဲဝဲလေးထက်​မှာ
ခေါင်းပတ်အဖြူ လေးရှိပြီး
ဘောလုံးဝတ်​စုံ အပြာလေးကို ဝတ်​ထားသည်​။

အပင်​တွေနဲ့ကွယ်​နေတာမလို့ မျက်​နှာလေးတောင်
သေချာမမြင်​ရလို့ အနားသွားကြည့်​ခဲ့တဲ့အထိ
အရုပ်​လေးက တအားကို လှသည်​။

ငုတ်​တုတ်​ထိုင်​ကာ ဖိနပ်​ကြိုးချည်​ရင်း
အလုပ်​ရှုပ်​နေတဲ့ ကောင်​လေးက
နှုတ်​ခမ်းကိုလည်းစူထားသေးသည်​။

ဖိနပ်​ကြိုးချည်​ရတာ အဆင်​မပြေလို့
စိတ်​တိုင်းမကျဖြစ်​နေပုံပါပဲ။

ချည်​နေရင်းက မရလည်းမရရော။
ဖိနပ်​ကြိုးကို ပစ်​ချကာ ခြေတစ်​ဖက်​ဆောင့်​သည်​။

ပီကေ    ပီကေ   [completed]Where stories live. Discover now