28

7K 932 133
                                    

"မေမေကလည်း သားမသောက်​ချင်​ပါဘူးဆို
သားက ကော်​ဖီပဲ......"

မေမေ့ရဲ့ မျက်​လုံး တစ်​ချက်​လှန်​အကြည့်​မှာ
အထွန့်​တက်​တော့မယ့်​ လုဟန်​ခမျာ
နှုတ်​ခမ်းလေး ပြန်​စေ့လိုက်​ရပါ၏။

မေမေကမ်းပေးလာသည့်​ နွားနို့ခွက်​ကိုယူကာ
တစ်​ငုံသောက်​လိုက်​တော့ ချိုအီတဲ့ အရသာကြီးက
သူ့အား ရှုံ့မဲ့သွားစေသည်​။

ဒါ ညဘက်​တိုင်း နွားနို့သောက်​ခါနီးရင်
လုဟန်​ဖြစ်​နေကျပါပဲ။

နွားနိ့ ခိုးသွန်​တာကို မေမေ သိသွားကတည်းက
မေမေ့ရှေ့မှာ သူကုန်​အောင်​သောက်​ပြရသည်​။

ဒါကြောင့်​ .....အခုလည်း။

"လုဟန်​ ...ရော့ မန်​နေဂျင်းကို သွားပို့လိုက်​။
မီးလည်းကူကြည့်​ပေးလိုက်​အုံး။
ထင်းမီး သိပ်​မသုံးတတ်​လောက်​ဘူး။"

ကော်​ဖီခွက်​ဆီက ကော်​ဖီနံ့ သင်းသင်းလေးက
လုဟန်​ နှုတ်​ခမ်းကို စူထော်​စေသည်​။

မေမေကလည်း လူချင်းအတူတူတောင်
အဆင့်​အတန်းခွဲခြားတယ်​။
ကိုကို့အပေါ် စိမ်းစိမ်းကားကားကြီး
မဆက်​ဆံတော့ဘဲ၊
နည်းနည်း မျက်​နှာသာပေးလာတာကို
ဝမ်းမသာအားဘူး။

သူ့ကိုကျ နွားနို့တိုက်​ပြီး
ကိုကို့ကို ကော်​ဖီတိုက်​တဲ့မေမေ့ကိုသာ
လုဟန်​စိတ်​ထဲ မကျေမနပ်​ဖြစ်​နေရပါသည်​။

လုဟန်​က အစားအသောက်​နဲ့ ပက်​သက်​ရင်
ခုလိုပဲ လောဘ တကယ်​ကြီးပါသည်​။

ဗန်းလေးထဲကို ကော်​ဖီခွက်​နဲ့အတူ
သူသောက်​ရမည့်​ နွားနို့ခွက်​လေးပါ
ထည့်​မ,လိုက်​တော့ မေမေက မုန်​လာဥတွေ
လှီးဖြတ်​နေရင်း အော်​ပါတော့သည်​။

"ဟဲ့ ....လုဟန်
တစ်​ခါတည်းသောက်​သွားလေ။"

"ဧည့်​သည်​နဲ့ အတူတူသောက်​လိုက်​မယ်​။"

မီးဖိုခန်းထဲက ထွက်​ကာ
လုဟန်​ပြန်​အော်​လိုက်​ပါသည်​။

"နွားနို့ကုန်​အောင်​သောက်​နော်
အားရှိအောင်​တိုက်​တာ....လူက ပိန်​သေးနေပြီ။"

ပီကေ    ပီကေ   [completed]Where stories live. Discover now