29

7.4K 942 43
                                    

တစ်​စုတစ်​စည်းတည်း သွားစေချင်​တဲ့ Mr.Kim ရဲ့
ဆန္ဒကြောင့်​ ဆယ်​ဟွန်းသည်​လည်း
သူ့ကားကို အိမ်​မှာ ရပ်​ထားခဲ့ရကာ
လုဟန်​တို့အိမ်​က ကားနဲ့ လိုက်​ရသည်​။

မနက်​၄နာရီခွဲတည်းက ထွက်​လာရသည်​မလို့
ညဘက်​က အိပ်​ရေးမဝသေးတဲ့ လုဟန်​မှာ
ကားပေါ်ရောက်​တာနဲ့ ငိုက်​လျက်​ရှိသည်​။

ချန်းက ကားမောင်းနေရာကနေ အနောက်​ကို
တကြည့်​ကြည့်​။
ချန်းရဲ့ ဘေးကနေရာမှာ Mr.Kim ရှိသည်​။

သူများကားကို အသင့်​တက်​စီးနေရတာကို
ဆယ်​ဟွန်းမှာ အားနာလို့မဆုံးဘူး။

သို့ပေမယ့်​ တလှည့်​ မောင်းခွင့်​လည်းမပေးတာမလို့
မျက်​နှာပူစွာနဲ့ပဲ ကားအလယ်​ခန်းထောင့်​နေရာမှာ
ခပ်​ကုတ်​ကုတ်​ထိုင်​နေမိသည်​။

ကားပြတင်းကနေ အပြင်​ကို ငေးပြီး ငြိမ်​နေရင်း
အတွေးတွေလွင့်​မျောနေလိုက်​တာ
ဘေးက ခေါင်းလုံးလုံးလေး ပခုံးကို အိကနဲ
လာထိလာတော့မှာပဲ။

"အယ်​....သား....လုဟန်​။"

Mrs Kim က လုဟန်​ရဲ့ တစ်​ဖက်​ကနေ
လုဟန်​လက်​မောင်းကို ကိုင်​လှုပ်​လိုက်​တော့လည်း
လုဟန်​ လုံးလုံးလျားလျားမနိုးပါ။

"ရောက်​မှနှိုး....မေမေရယ်​....နော်​။"

အိကျိကွိကျိ ပြောပြီး ဆယ်​ဟွန်းဘက်​ကို
တိုးကပ်​မှီတွယ်​ကာ ပြန်​အိပ်​စက်​သွားပြန်​ပါသည်​။

"အင်း.....အိပ်​အိပ်​"

ပခုံးကို သူမှီဖို့ အဆင်​ပြေ အလျဉ်းသင့်​လှအောင်
တဖက်​စောင်းချပေးလိုက်​ပြီး
ခါးလေးကို ထိန်းဖက်​ပေးလိုက်​တော့
အိပ်​စက်​မှေးပျော်​သူက ပိုအဆင်​သင့်​သွားသည်​။

မှီအိပ်​ရုံနဲ့တင်​ အားမရ။
လက်​တစ်​ဖက်​ကပါ
ဆယ်​ဟွန်းရဲ့ ခါးကို သိုင်းဖက်​ကာ
တစ်​ကိုယ်​လုံးမှီတွယ်​ပစ်​လိုက်​တာဆိုတာ
ဆယ်​ဟွန်းမှာ အသက်​တောင်​ မရှူ ရဲ။

အိပ်​ပျော်​သူက ဘာမှမသိပေမယ့်
နိုးကြားနေသူက မျက်​နှာပူပါ၏။

ပီကေ    ပီကေ   [completed]Where stories live. Discover now