16

7.9K 932 18
                                    

"ဖယ်​လေ ဟန်​ရဲ့၊ကိုယ်​ဆေးမယ်​။"

အေပရွန်​ဝတ်​ကာ ပ​န်းကန်​အထပ်​လိုက်​ဆေးဖို့
ပြင်​နေတော့ ကိုကိုက ဝင်​တားသည်​။

"ရတယ်
အလုပ်​ပြန်​သွားမှာမလား။သွားတော့လေ။"

သူ့ကို ခုနကတည်းက
သိပ်​ကြည်​နေတာမဟုတ်​မှန်းသိပုံတော့ပေါ်သည်​။

ဟင်းတွေအပုံလိုက်​ခပ်​ထည့်​ပေးပြီး
မျက်​နှာလို မျက်​နှာရ လာလုပ်​ပေမယ့်
ကိုကို့ကို အဖက်​သိပ်​မလုပ်​ဖြစ်​ဘူး။

မနက်​ကလည်း
အလုပ်​ကို အတင်းလွှတ်​မှသွားသည်​။
နေ့လည်​ကျတော့လည်း ပြန်​လာသည်​။

ခုနကလည်း ဗြောင်​လေးကို
တရေးတမောအိပ်အုံးဆိုပြီး
အိပ်​ခန်းထဲဝင်​အတင်းလွှတ်​သည်​။

ကိုကိုက ဘာလို့ဆိုးရတာလဲ။
တမင်​တကာကြီး လာနေရတာကိုတောင်
လူက အားနာနေပါတယ်​ဆိုမှ
ကိုယ့်​ကြောင့်​ချည့်​သက်​သက်
သူအလုပ်​တွေပျက်​နေမှာတွေးမိတော့
စိတ်​ထဲ သိပ်​အဆင်​မပြေဘူး။

ကိုယ့်​ကို ဂရုတစိုက်​ရှိပေးတာ၊မခွဲနိုင်​တဲ့အထိ
ချစ်​ပေးတာကို ကြည်​နူးလှိုက်​ဖြာရပေမယ့်
ကိုကို့ကို ဒီလို အကျင့်​ပျက်​တဲ့သူတော့
မဖြစ်​စေချင်​ပါဘူး။

မနက်​ကလည်း အလုပ်​နောက်​ကျမှာသေချာသည်​၊
အခုလည်း နေ့လည်​ရုံးပြန်​တက်​ချိန်​က
ကျော်​လွန်​နေတာကြာသည့်​တိုင်
ကိုကို့မှာ ရုံးကိုပြန်​ဖို့ အစီအစဉ်​ရှိသေးပုံမပေါ်။

ကိုယ့်​နောက်​ကျောမှာရပ်​နေသေးမှန်း
ခံစားနေမိသည်​။

မဖြစ်​ဘူး။
သူဘာသာ ကလေးဆန်​နေပါစေအုံး။
ကိုယ်​ကပါ ကလေးလိုက်​ဆန်​လို့ မဖြစ်​ဘူး။

အခုတည်းက ဒီလို စိတ်​အလိုလိုက်​နေရင်
ကြာရင်​ ပိုပြီး ခက်​ရော့မယ်​။

"ကိုကို ။"

အမည်​ခေါ်၍ ချာကနဲ လှည့်​ကြည့်​လိုက်တော့
ထမင်းစားပွဲကို မှေးထိုင်​၊လက်​ကိုပိုက်​၊
နှုတ်​ခမ်းကိုကိုက်​လျက်​ ကိုယ့်​ကို စိုက်ကြည့်​နေတာမို့
လူက အလိုလို ကျောချမ်းချင်​သွားရသည်​။

ပီကေ    ပီကေ   [completed]Where stories live. Discover now