20

8.5K 906 83
                                    

လုပ်​မိလုပ်​ရာအနေနဲ့
အရှေ့က အအေးပုလင်းကိုသာ
ကောက်​မော့ချမိသည်​။

သို့တိုင်​အောင်​ အဆင်​မပြေ၊
တကယ်​မပြေသေး။

ဒီအခြေအနေက ဘယ်​လိုအခြေအနေကြီးလဲ
မိမိလဲ ဘာမှ မလုပ်​ရပါဘဲ
ဲအိမ်​မှာအေးဆေး Game နှိပ်​ပြီး
နှပ်​နေရမယ့်​အချိန်​မှာ ဘုမသိဘမသိနဲ့
သူများပြဿနာကြားထဲ ကန့်​လန့်​ပါနေရတဲ့အဖြစ်​။

ကိုယ်​စားပဲ ကြိုးစင်​တက်​ရတော့မလိုလိုနဲ့
သူ့မှာ ရင်တမမနဲ့ ထိုင်​နေရသည်​။

သူ့ဘေးက အကိုဖြစ်​သူကလည်း
ခြေထောက်​ နှစ်ချောင်းကို ခုံပေါ်တင်​ကာ
တင်​ပျဉ်​ခွေထိုင်လျက်​ သတိအနေအထား။

အရှေ့က တစ်​ယောက်​ကတော့
လူပဲသတ်​တော့မလိုနဲ့
မျက်​လုံးတွေကအစ အေးခဲနေသည်​။

ဒီမှာထိုင်​နေရတာ နာရီဝက်​ရှိပြီ။
သို့တိုင်​အောင်​ ဘာတစ်​ခွန်းမှ မကြားရသေး။

သူ လှုပ်​လီိလှုပ်​လဲ့လုပ်​တဲ့ အသံကလွဲရင်
တိတ်​ဆိ​တ်​ငြိမ်​သက်​နေသည်​။

ကောင်​တာမှာလည်း
ဆိုင်​ပိုင်​ရှင်​အစ်​ကို ဂျုံ အင်​က
မေးထောက်​ကြည့်​ရင်း တဲ့တိုးပဲ
လှမ်းအကဲခတ်​နေသည်​။

နေစမ်းပါအုံး။ စိတ်​တိုလိုက်​တာ။
သူတို့ အဆင်​ပြေသာယာချိန်​ကျတော့
ဗြောင်​ဟျွန်းဆိုတဲ့ မိမိကို သတိမရကြတော့ဘဲ
အခုလို သူတို့ပြဿနာတက်​မှ
ကြားလူလို ဆွဲထည့်​ခေါ်သွင်းလိုက်​တာ
ဘာသဘောလဲ။

အိမ်​မှာအေးဆေးနေတဲ့ဟာကို အကိုဖြစ်​သူက
မနက်​အစောကြီး ရောက်​လာပြီး
သေဖော်​သေဖက်​လာညှိသတဲ့။

နောက်​ဆုံးထွက်​ ဂိမ်းစက်​ရဲ့ မျက်​နှာသာမရှိရင်
ဒီနေ့ဒီနေရာမှာ သူ့ကို မြင်​ရဖို့နေနေသာ
သူ့အနံ့တောင်​ရစေမှာမဟုတ်​။

အငွေ့တလူလူထွက်​နေလောက်​လားမသိသည့်
မျက်​လုံးတွေနဲ့ လုဟန်​က
အစ်​ကို ဆယ်​ဟွန်းရဲ့ တစ်​ကိုယ်​လုံးကို
စုန်​ချည်​ဆန်​ချည်​ ကြည့်​နေသည်​။

အစ်​ကိုဆယ်​ဟွန်းကို ငဲ့ကြည့်​တော့လည်း
ခေါင်းငုံ့ပြီး ခါးမတ်​ထိုင်​နေတာများ
အသက်​တောင်​ ရှူ နေရဲ့လားမသိ။

ပီကေ    ပီကေ   [completed]Where stories live. Discover now