25

6.7K 929 69
                                    

"ဟို....သားပဲ ဆေးလိုက်​ပါ့မယ်​။"

ညစာစားပြီး ဆေးဖို့ ထပ်​နေသော
ထမင်းပန်​ကန်​လုံးနဲ့ ဟင်းပန်းကန်​များကို
ဆတ်​ကနဲ လာဆွဲယူလိုက်​သည့်  လုဟန်​။

ထမင်းစားဝိုင်းရဲ့ တိတ်​ဆိတ်​မှုက
အခုမှ လွင့်​ပြယ်သွားသည်​။

အားလုံးက ကိုယ်​စီအတွေးများကြောင့်
ငြိမ်​သက်​နေခဲ့သည့်​ ထမင်းဝိုင်းက ဇွန်းသံမှလွဲ
ဘာမှ မကြားခဲ့ရ။

လုဟန်​မှာတော့ မနေတတ်​စွာဖြင့်​ရော၊
ဘယ်​သူ့ကိုမှ ရင်​မဆိုင်​ရဲသဖြင့်​ရော၊
ခပ်​တိတ်​တိတ်​နေခဲ့ရသည်​သာ။

ပန်းကန်​တွေ ဆေးဖို့ မေမေ သိမ်းနေမှပဲ
သူအရဲစွန့်​ပြီး လှမ်းယူရသည်​။

အရင်​လို ပြန်​နေခွင့်​ရဖို့အတွက်
သူကြိုးစားရမည်​လေ။

ဖေဖေကတော့ ထုံးစံအတိုင်း
သူ့ကိုပြုံးကြည့်​ကာ အပြင်​ထွက်​သွားသည်​။
မေမေကတော့ သူ့ကို အခုထိ
နည်းနည်းမှ မကြည့်​သေး။

"ဖယ်​ လုဟန်​။"

သူ့ဆီကလက်​အိတ်​ကို လာဝင်ဆွဲယူကာ
အမြန်​ ဝတ်​လိုက်​သော အကိုချန်း။

"အာ....ကျွန်​တော်​ ဆေးပါ့မယ်​။"

ပြန်​မလုရဲပေမယ့်​ ဘေးနားမှာ ရစ်​သီကာ
သူစောဒက တက်​နေမိသည်​။

"မင်းက ပန်းကန်​ကို ရေပြောင်​အောင်​သုတ်​။"

ပုဝါဖြူ ကိုသာ သူကောက်​ကိုင်​မိလေသည်​။

အကိုချန်း ကမ်းပေးသော
ပန်းကန်​လုံးလေးကို ရေသုတ်​နေရင်း
သူ အတိတ်​ကို သတိရသွားသည်​။

အဲ့ဒီတုန်းက။

"အကို မှတ်​မိသေးလား။"

ဘာမှ ပြန်​မပြောပေမယ့်​ သေချာပေါက်
နားစွင့်​နေမှန်းသတိပြုမိတာ့
လုဟန်​ ဆက်​ပြောဖြစ်​သည်​။

"ကျွန်​တော်​ငယ်​ငယ်​က ပန်းကန်​လုံးကို
ခွဲမိသေးတယ်​ မဟုတ်​လား။
အဲ့တုန်းက မေမေ မသိအောင်
အကိုက အစားပြန်​ဝယ်​ပေးတာလေ။"

ပီကေ    ပီကေ   [completed]Where stories live. Discover now