35{final_1}

8.5K 816 68
                                    

Ronaldo ပုံကပ်​ထားတဲ့
အခန်တံခါးကို သူ အသာလေးတွန်းကာ
အထဲဖွင့်​ဝင်​လိုက်​သည်​။

ဒီအခန်းလေးကို ဝင်​လိုက်​တာနဲ့ နွေးထွေးမှုနဲ့အတူ
လွမ်းဆွတ်​မှုကပါ တစ်​ပါတည်း ကပ်​ပါလာသည်​။

ဒီအခန်းကကြာပြီ။
လုဟန်​ ၁၂ နှစ်​သားတည်းက ဖွဲ့ခဲ့တာ။

ကိုယ်​ပိုင်​အခန်း၊ကိုယ်​ပိုင်​စားပွဲခုံ၊ကိုယ်​ပိုင်​ကုတင်​ရလို့
ပျော်​နေခဲ့တဲ့ ပုံရိပ်​လေးကို သူမမေ့သေးဘူး။

လုံးချေပြီး ကုတင်​ပေါ် ထိုးတင်​ထားတဲ့
စောင်​ကိုယူပြီး
သေချာပြင်​ခေါက်​ပေးလိုက်​သည်​။

လုဟန်​က ဖက်​လုံးကို ခွရုံမက၊တက်​ပါဖိအိပ်​တတ်​လို့
ဖက်​လုံးတွေက သိပ်​ကြာကြာ မလုံးနိုင်​ဘူး။
တစ်​လကျော်​တာနဲ့ ပြားလာရောပဲ။

အသစ်​ဝယ်​ထားတာမကြာတဲ့
ဖက်​လုံးမပြားတပြားလေးကိုပါ
နေရာချပေးလိုက်​သည်​။

ပြီးတော့ စာရေးစားပွဲနားဆီကိုသွားလိုက်​တော့
စားပွဲပေါ်က Photo stand တစ်​ခုကို မြင်​ရတယ်​။

ဘွဲ့ဝတ်​စုံဝတ်​ထားတဲ့ချန်းနဲ့
ပန်းစီးကိုင်ထားတဲ့ လုဟန်က
တစ်​ယောက်​တစ်​ပုခုံး တစ်​ယောက်​ဖက်​ထားရင်း
ပြုံးပျော်​နေကြတယ်​။

နောက်​ပြီး စားပွဲပေါ်မှာ
ကွန်​ပါဗူး အဟောင်းလေးကိုလဲ
တင်​ထားသေးတယ်​။

ကွန်​ပါဗူးလေးကိုသိမ်းပေးဖို့ အံဆွဲကိုဖွင့်​လိုက်​တော့
မှောက်​ထားတဲ့ ဓာတ်​ပုံတစ်​ခုကို သူမြင်​တယ်​။

သူယူကြည့်​လိုက်​တော့
အိုဆယ်​ဟွန်းရဲ့ ဓာတ်​ပုံ ဖြစ်​နေတာမလို့
ချန်းရဲ့ ရင်ထဲ ဆစ်​ကနဲ အောင့်​သွားတယ်​။

သိသာသိစေ မမြင်​စေနဲ့တဲ့။
တစ်​ချို့အရာတွေက သိနေတာထက်
မြင်​ရတာက ပိုနာကျင်​စေတယ်​။

အသိစိတ်​ကို ညာထားလို့ရပေမယ့်
အမြင်​အာရုံနဲ့ အတည်​ပြုထားသမျှကိုတော့
လိမ်​ညာလို့မရဘူး။

သတိမေ့နေတဲ့ အိုဆယ်​ဟွန်းကို ကြည့်​နေတဲ့
လုဟန်​ရဲ့ မျက်​ဝန်းတွေကို သူမြင်​တည်းက
သူလက်​မခံချင်​တဲ့ အမှန်​တရားတစ်​ခုကို
လက်​ခံလိုက်​ရတယ်​။
(လုံးဝကို ညာယူပြီး လက်​မခံဘဲနေလို့မရတဲ့အထိ)

ပီကေ    ပီကေ   [completed]Where stories live. Discover now