5

9.8K 1K 25
                                    

"မအေးဘူးလား
ကားပြတင်းပေါက်​ကြီး ဖွင့်​ထားတာ။"

အပြင်​ကိုငေးမောရင်း လေအေးအေးတွေ
မျက်​နှာကို ဖြတ်​တိုက်​နေတာကို ခံစားနေသည့်
လုဟန်​က ဆယ်​ဟွန်းကို
ပေစောင်ပေစောင်လှည့်​ကြည့်​လာသည်​။

အခု လုဟန်​က ဆယ်​ဟွန်းကားပေါ်ကို
လိုက်​လာရတာဖြစ်​ပါသည်​။

မလိုက်​လို့မရဘူးလေ။
ညဘက်​မှောင်​မှောင်​ကြီး အိမ်​တစ်​ယောက်​တည်း
ပြန်​ဖို့ ဆိုတာ ဘယ်​လိုမှ မဖြစ်​နိုင်​ဘူးမလား။

ဗြောင့်​ကိုခေါ်ဖို့ကျတော့လည်း ဗြောင်​က
သူ့မိဘတွေ ဧည့်​ခန်းပွဲက ပြန်​လာတာကို
စောင့်​ရမည်​တဲ့။

Taxi ငှားရင်​ရပေမယ့်​လည်း

/ကိုယ်​လိုက်​ပို့မယ်​။/
ဆယ်​ဟွန်းရဲ့
ပြတ်​ပြတ်​သားသား ထိုကစားတစ်​ခွန်းကို
လုဟန်​ နာခံလိုက်​ရပါသည်​။

သာမန်​ဆို ကလန်​ကဆန်​လုပ်​ပြီး ငြင်းမှာပေမယ့်
ဒီလူနဲ့ ကင်းချင်​သလောက်​ကင်းနိုင်​အောင်
နေပစ်​မှာပေမယ့်
အခြေအနေ အရပ်​ရပ်​က လုဟန့်​ရဲ့ ကလန်​ကဆန်
လုပ်​မှုကို ခေတ္တငုပ်​လျှိုးထားစေသည်​။

အကြောင်းအရင်းက ဒီလို။

လွန်​ခဲ့တဲ့ မိနစ်​တွေအတွင်းမှာ လုဟန်​ဟာ
အိပ်​ခန်းထဲက ပြေးထွက်​လာပြီး
TV ဖန်​သားပြင်​ပေါ်က ပုံရိပ်​များကို ကြည့်​ပြီး
အသံကုန်​အော်​ငိုခဲ့ပြီးဖြစ်​သည်​။
ဆယ်​ဟွန်းကိုလည်း နှာဘူးလို့ အခါခါစွပ်​စွဲပြီး
အော်​ဟစ်​သောင်းကျန်​ခဲ့သည်​လေ။

တကယ်​တော့ ဆယ်​ဟွန်းခမျာ ဘာမှ သိတာမဟုတ်​။
သူ့ဘာသာ အိမ်​ရှေ့ထွက်​ပြီး Phone ပြောနေရာမှ
လုဟန့်​အသံကြားသဖြင့်​သာ
အလျင်​စလို ပြန်​ဝင်​လာရတာဖြစ်​သည်​။

ဒါကိုတောင်​ ဘုမသိဘမသိနဲ့
လုဟန်​က စွပ်​စွဲလိုက်​တာဆိုတာ ရစရာကိုမရှိပါ။

တကယ်​က အဆိုပါဇာတ်​ကားကို စဖွင့်​ထားခဲ့သူဟာ
လုဟန်​သာဖြစ်​ပြီး
နိုင်​ငံခြားကား အတော်​များများဟာ
အဆိုပါ ဇာတ်​ဝင်​ခန်းမျိုးကအနည်းနဲ့အများ
ပါဝင်​တတ်​တာပဲမဟုတ်​ဘူးလား။

ပီကေ    ပီကေ   [completed]Where stories live. Discover now