22

6.8K 864 74
                                    

စားပွဲပေါ်တင်​ထားသည့်​ Photo stand လေးကို
ကြည့်​ရင်း ချန်း ငြိမ်​သက်​စွာ ထိုင်​နေမိသည်​။

ဒီပုံလေးထဲမှာ ဘွဲ့ဝတ်​စုံနဲ့ ပြုံးနေသည့်​သူရယ်​၊
သူ့ကို ပေးမယ့်​အရုပ်​လေးကို
ကိုင်​ထားတဲ့ လုဟန်​ရယ်​ရှိပါသည်​။

လုဟန်​ မွေးလာတဲ့အချိန်​မှာ သူက ၆နှစ်​သား။
ငယ်​သေးပေမယ့်
အနည်းငယ်​သိတတ်​နားလည်​သည့်
အရွယ်​ဖြစ်​တာမို့  သူ လုဟန်​ကို ချစ်​ခဲ့တာတွေကို
သတိ​ရသည်​။

ညဘက်​ဆို အဲ့သေးသေးလေးနဲ့ အတူအိပ်​ချင်​လို့
မရမက မေမေ့ကို ဂျီတိုက်​ပြီး အိပ်​ခဲ့ရသည်​။

သူ့လက်​ညှိုးလေးကို လုဟန်​က ဆုပ်​ကိုင်​ထားရင်
သူအရမ်းသဘောကျသည်​။

တစ်​ဖြည်းဖြည်း ကြီးပြင်းလာသည့်​ လုဟန်​ဟာ
သူ့အတွက်​ အရာရာပဲ။

သူထမင်းစားတဲ့အခါ လုဟန်​လေးက
ယိုင်​ထိုးယိုင်​ထိုးနဲ့ လမ်းလျှောက်​လာပြီး
"မန်​မန်​ " ဆိုပြီး ထမင်းပန်းကန်​ကို
လာဆွဲလုတတ်​သည်​။

သူက အာဘွားပေးဆိုရင် သွားရည်​တရွှဲရွှဲနှင့်
ပါးစပ်​လေးက သူ့ပါးကို ပူးကပ်​လာပေးတတ်​သည်​။

လုဟန်​လေး ဆော့ရင်း ချော်​လဲလို့ အော်​ငိုတဲ့အခါ
သူ ဘာပဲလုပ်​နေပါစေ
ထူပေးဖို့ ပြေးလာခဲ့တတ်​သည်​။

တစ်​ခြား ကလေးတွေ ကုတ်​ဆွဲတာခံရတဲ့အခါ
လုဟန်​အစား အဲ့ကလေးတွေကို လူကြီးကွယ်​ရာမှာ
သူပြန်​ဆွဲဆိတ်​တတ်​သည်​။

သူ့မုန့်​ဖိုးတွေကလည်း လုဟန်​အရုပ်​ဖိုး၊မုန့်​ဖိုးတွေ
ဖြစ်​သွားတတ်​သည်​။

မေမေ မကျွေးခိုင်းတဲ့ ချောကလက်​တွေကို
သူက ကလေးကို ခိုးဝှက်​ကျွေးတတ်​သည်​။

ဝှက်​ထားတဲ့ နေရာကို မှတ်​မိနေသည့်
လုဟန်​လေးက ဘယ်​သူမှမသိခင်
ချောကလက်​တွေကို ယူစားလိုက်​တာ ပေပွလို့။

မေမေက အကြောင်းစုံသိသွားပြီး
သူ့ခေါင်းကို ခေါက်​တော့
ပေတလူးရုပ်​လေးနဲ့ လုဟန်​လေးရယ်​ခဲ့တာကို
သူမှတ်​မိတုန်းပဲ။

ပီကေ    ပီကေ   [completed]Where stories live. Discover now