21

7.1K 913 44
                                    

"ဟန့်​ကို မဆူပါနဲ့"

တောင်းပန်​တိုးလျှိုးသလို ကြည့်​လာသည့်
မျက်​ဝန်းများကို ချန်း မြင်​ယောင်​မိသည်​။

ဆိုင်​အပြင်​မှန်​ကနေတစ်​ဆင့်​ ဆိုင်​ထဲကို
မြင်​လိုက်​ရသည်​နှင့်​  ခေါင်းထဲ ပူထူသွားကာ
ဘာကို မှ ချင့်​ချိန်​ချိန်​ မရဘဲ
Closed ဟူသော စာတန်းကပ်​ထားသည်​ကိုပင်​မမှု
ဆိုင်​ထဲ ဝင်​ခဲ့မိတာ။

တစ်​ဖက်​လူပေါ် ထိုင်​နေသည့်​ လုဟန်​ကို
မြင်​ရသည့်​ အချိန်​မှာ ရင်​ထဲ ပူဆင်းသွားကာ
မျက်လုံးတွေပါ ပြာဝေမတတ်ဖြစ်သွားရသည်​။

တစ်​ဖက်​က သူ့အထက်​လူကြီးဖြစ်​နေလို့သာ
သူ့ဒေါသတွေကို မနည်းထိန်းခဲ့ရတဲ့ အဖြစ်။

ဒီကောင်​လေး
ဒီရက်​ထဲ တစ်​မျိုးဖြစ်​နေသည်​ကို သိပေမယ့်
ကျောင်းစာနဲ့ ဘောလုံးကလွဲပြီး
ဘာမှ အရေးမလုပ်​သည်​ကို တွေးယုံမိကာမှ
စုံလုံးကန်းရတဲ့ အဖြစ်​။

အမေနဲ့ သူ့ဟာ နေ့စဉ်​နီးပါး
ခေါင်းမာအကြောတင်းသည့်​ လုဟန်​ကို
ဆူလိုက်​ ခေါက်​လိုက်​ လုပ်​ပြီးတိုင်း
မုန့်​ဝယ်​ကျွေးကာ မသိမသာ ပြန်​ချော့ခဲ့ကြသည်​။

ဆိုလိုတာက လုဟန်​ဆိုတာ သူတို့အတွက်
ကလေးလေးပဲ။

ဆူပစ်​မယ်​။ပြီးရင်​ ချော့မယ်​။

အကိုကို ထပ်​တစ်​ခွန်းမကျန်​ ပြန်​ခံပြောတတ်​ကာ
ခေါင်းခေါက်​လိုက်​လည်း ခဏပဲ စူပုပ်​သွားပြီး
လုပ်​ချင်​တာလုပ်​မြဲ ကလေးငယ်​က
သူစိမ်းတစ်​ယောက်​နဲ့ ဒီလိုအနေအထားအထိ။

သူစိမ်းဆိုတာကလဲ မန်​နေဂျင်းလိုလူနဲ့မှ။

/မဆူပါနဲ့ / တဲ့။
ရည်းစားထားရမယ့်​ အရွယ်​မဟုတ်​ဘဲ
ရည်းစားထားနေတာကို
မဆူလို့ မြှောက်​ပေးရမှာလား။

"ငါထင်​တယ်​ လုဟန်​ရဲ့။
နင်​ မူမမှန်​တာ  ငါသိနေတယ်​။"

ကုတင်​ပေါ်ထိုင်​ကာ အဆူခံနေရသည့်
လုဟန်​ပခုံးကို မေမေက ရိုက်​သည်​။

"အဲ့ဒါကြောင့်
နင့်​ကို ဟိုက ကျောင်းပို့ကျောင်းကြိုလုပ်​နေတာကို။"

ပီကေ    ပီကေ   [completed]Where stories live. Discover now