6

3.1K 335 47
                                    

မြင့်မားသော အဆောက်အဦးကြီးအား ဇက်လှန်ကာမော့ကြည့်လိုက်သည်။ ဖုန်းဆက်မှာသောဖိုင်တွဲအားချိုင်းကြားညှပ်ကာ အိမ်အထိလာကြိုပေးသော ကား ဒရိုင်ဘာအား လှည့်ကာဦးညွတ်လိုက်၏။

"ကျေးဇူးတင်ပါတယ်ခင်မျာ"

အနွေးဘောင်းဘီပွကလေးနှင့် ခပ်ထူထူအနွေးထည်ကြားထဲ ခေါင်းပါမြှုပ်ဝင်မတတ်ဖြစ်နေသော ကလေးငယ်လေးကိုကြည့်ကာ ဒရိုင်ဘာကြီးကပြုံး၏။

"မန်နေးဂျင်းက ဧည့်ကြိုခန်းမှာစောင့်နေပါတယ်။"

"ဟုတ်ကဲ့ဗျ"

နှုတ်ဆက်ပြီး အဖြူရောင်အဆောက်အဦးဆီ ခြေလှမ်းစဝင်လိုက်၏။ ဟန်ငယ်တို့ တဝိုးဝိုး။ နည်းပညာကုမ္ပဏီဖြစ်တာကြောင့် စက်ပစ္စည်းအသစ်တွေနဲ့ ထုတ်ကုန်အသစ်တွေကို အောက်ဆုံးထပ် ရှိုးရွမ်းမှာပင် ဖော်ရှိုးပြထားတာတွေကိုတွေ့ရသည်။ အထူးသဖြင့် ဧည့်ကြိုဌာနကအစ်မလေးတွေ.....။ အလှလေးတွေချည်း... -_-

ဖိုင်တွဲကို ပါးစပ်နားအုပ်ထားကာ မြင်သမျှကိုအထူးအဆန်းလုပ်ပြီးကြည့်နေသော အဖြူရောင်ပန်းပွင့်ကလေး....အင်းလေ..အဖြူရောင်ပေါ့...ညအိပ်ဝတ်စုံကိုလဲမှမလာပဲ။ ထိုင်နေသောနေရာကနေ မထပဲ လှုပ်ရှားသမျှအကုန်လိုက်ကြည့်နေမိ၏။ သူ့ဘေးနား ချန်းယောလ်က ဆယ်ဟွန်းကိုကြည့်ကာခေါင်းခါနေသည်။

"မန်နေးဂျင်းနဲ့ ဒုမန်နေးဂျင်းကိုယ်တိုင် ဧည့်ကြိုဌာနအထိထွက်စောင့်ရတဲ့ အထူးဧည့်သည်တော်လေးနော်....."

ရွဲ့ပြောတော့ ပြုံးသည်။ သူ့ရင်ထဲတော့ သိပ်လှနေမည်ကိုး။ ယူခိုင်းလိုက်တဲ့ဖိုင်တွဲက အသုံးမလိုပဲ သက်သက်မဲ့ ယူခိုင်းခြင်းဆိုတာကို ချန်းယောလ်ချွန်တွန်းလုပ်ချင်တဲ့အခါသုံးဖို့ သိမ်းထားရမည်။ လောလောဆယ်မျက်စိအရသာခံနေသည့်လူကြောင့် ဟိုကလေးက ပစ္စည်းပြထားသည့်မှန်ပုံးတွေနားကမခွာနိုင်သေးပဲ တဝဲလည်လည်။ ဘေးနားကပ်သွားသော ဝန်ထမ်းတစ်ယောက်ကြောင့် လန့်ဖြန့်သွားတာကလည်း အသည်းယားစရာ....အင်း..အိုဆယ်ဟွန်းမပြောနဲ့ သူတောင် သေချာသိမ်းထုတ်ပြီး လူမမြင်ကွယ်ရာမှာ သွားထားချင်သည်။

LovinglyWhere stories live. Discover now