12

2.8K 411 32
                                    

ဟန်ငယ်ဖျားသည်။ ခရီးပန်းတာတွေစုပေါင်းသည်ထင်။ ကျောင်းတစ်ရက်ပြန်တက်ပြီး နောက်နေ့မှာ ဟန်ငယ်ဖျားတော့၏။ နုနုနယ်နယ်မျက်နှာထက်က ရဲနှစ်နေသည့် အဖျားသွေးရောင်တွေကိုကြည့်ကာ ဆယ်ဟွန်းသက်မ ချမိသည်။ နှစ်ယောက်တည်းသာနေသောအိမ်မို့ ညနက်သန်းခေါင် ဟန်ငယ် သူ့အခန်းတံခါးကိုလာခေါက်ရင်း တံခါးအဖွင့်မှာ မေ့လဲသွားတာကိုကြည့်ရင်း သူ့မှာ ကူကယ်ရာမဲ့သွားသလို။ ဗြောင်းဆန်သွားခဲ့သည့်စိတ်တွေက ဟန်ငယ့်နဖူးပေါ် ရေဝတ်တင်ပေးပြီး အခြေအနေတွေအေးဆေးသွားသည့်တိုင် သူ့နေရာသူ နေသားတကျမဖြစ်တတ်သေး။ ဆယ်ဟွန်းမှာ ဒီလိုအတွေ့အကြုံတွေမရှိ။ တစ်ယောက်တည်းသာ ဖြတ်သန်းလာသောဘဝမှာ နောက်ထပ်လူတစ်ယောက်ကြောင့် စိတ်ရော နှလုံးပါ နာကျင်ရမယ့် အဖြစ်မျိုး ရှိလာမှာမဟုတ်ဖူးလို့ သူထင်ထားခဲ့တာ..မှားပြီထင်သည်။ ကယောင်ကတမ်း လှုပ်ယမ်းနေသည့် လက်ကလေးကို ဆုပ်ကိုင်ကာ နှုတ်ခမ်းဖျားနဲ့ ဖိမိ၏။ ကူးလူးလာသည့် အပူဓာတ်တွေက ကျဉ်စူးသော နာကျင်မှုကိုပေးသည်။ ရင်နာလိုက်တာ...ဟန်ငယ်။

သက်တောင့်သက်သာဖြစ်အောင် ဘောင်းဘီခပ်ပွပွတစ်ထည်ကိုလဲပေးရင်း ဟန်ငယ့်ညာဘက်ဒူးက ညိုငမ်းရာတွေကိုတွေ့ခဲ့သည်။ လက်ဖျံနားက ပွန်းပဲ့ရာတွေရော။ ဟန်ငယ်ကဘာမှအသိမပေးခဲ့ပေမဲ့ ဒဏ်ရာရတယ်ဆိုကတည်းက ကောင်းတဲ့အဖြစ်မျိုးမဟုတ်။ ပထမဆုံးကျောင်းပြန်တက်သည့်ရက်မှာပဲ ဟန်ငယ်က ဒီဒဏ်ရာတွေကိုရလာတာ....ကျောင်းမှာအနိုင်ကျင့်ခံရတာများလား။

တစ်ညလုံးဟန်ငယ့်ဘေး ငုတ်တုတ်မိုးလင်းခဲ့သည်။ ဆန်ပြုတ်တစ်အိုးကို မြန်မြန်ပြုတ်ရင်း အလုပ်သွားဖို့ပါ ပြင်ဆင်ရ၏။

"ကိုကို...."

"နိုးလာပြီလား...ဘယ်နားခံရခက်လဲ...ဆရာဝန်ပင့်ပြီး ဆေးတော့ထိုးပေးထားတယ်"

လည်ချောင်းထဲက ပူလောင်ကျိန်းစပ်နေ၏။ မျက်လုံးကလည်း သဲတွေဝင်နေသည့်အတိုင်း ဖွင့်ရပိတ်ရခက်လှ၏။

ဟန်ငယ် တအားကြီးရုပ်ဆိုးနေပြီထင်သည်။

မျက်လုံးတွေကို လက်နှင့်ဖိပွတ်ပစ်တော့ ကိုကိုက ပြန်ဆွဲယူကာ...

LovinglyWhere stories live. Discover now