"ပေပွနေအောင်မစားနဲ့လေ"
ပါးပြင်ဖူးပေါ်ဖေးတင်နေသော ထမင်းလုံးစေ့ကို မနာလိုခြင်းကြီးစွာ လက်မဖြင့်ဖိသုတ်ပေးမိ၏။ ထမင်းလုံးကဘယ်အချိန်စင်သွားပြီမှန်းသတိမထားမိခင်မှာပဲ ဖွဖွသာသာပဲ ထိုနှင်းဆီခင်းပေါ် လက်တစ်စုံဖြင့်နယ်ချဲ့မိလျက်...။
"မပြောင်သေးဘူးလားဦးလေး.."
ဖိသုတ်နေတာမို့ စပ်ဖျဉ်းဖျဉ်းပင်ဖြစ်ချင်လာသလို ။အဲ့ထက်ပိုတာက မျက်တောင်မခတ်ပဲ ဘာကိုငေးနေမှန်းမသိသည့်မျက်ဝန်းတွေက ဟန်ငယ့်ပါးပြင်ပေါ်ကနေအခုထိမခွာသေးတာကို ပိုကြောက်လာသည်။
ကိုယ်ကအပြစ်လုပ်ထားတာမို့ ဒီအထိတ်တလန့်အခြေအနေကြီးကို နင်းကန်လက်ခံနေရသည်။
နေရခက်လိုက်တာ..
အငွေ့တွေပါပျံလာတော့မလားပဲ။
ပါးပြင်တွေကနေ နဖူးစပ်တွေအထိ ပူရှိန်းလာသည်။
တစ်ဆက်တည်းမှာပဲ နေ့လည်က ကကျိုးကျဂျောင်အနမ်းကြီးကိုသတိတွေရနေပြန်သည်။
သက်သက်မဲ့ ဟန်ငယ့်ကိုလူလည်ကျသွားတာ။
"နေပါဦး"
အတွေးနောက်က နေ အခဲမကြေတာဆို မြုံမထားတတ်သည့်သောက်ကျင့်ကလေးက ကပ်ပါလာသည်။
"နေ့လည်က ဟန်ငယ့်ကိုဘာလို့နမ်းသွားတာလဲ..လူတွေအများကြီးရှိနေတာကို ကိုကိုဦးလေး ကမသိဘူးလား။ ဦးလေးမရှက်ပေမယ့် ဟန်ငယ်က တအား တအားကိုရှက်သွားတယ်။ သိလား!"
တအား တအားရှက်သွားတယ်ဆိုပြီး တူနှစ်ချောင်းကို ဆုပ်ကိုင်လျက် ခြေကန်အော်နေသော ကလေးငယ်ကို လစ်လျူရှုကာ အောက်ကထမင်းကို ကသိုင်းရှုလိုက်သည်။
ထမင်းလုံးလေးတွေက ဖွေးဖွေးလေး...
"ဦးလေး..!!><"
"ဟေ...."
မျက်လုံးကြီးက ပါးပေါ်ပြေးကပ်လာပြန်တော့ ဟန်ငယ်အယောင်ယောင်အမှားမှားနဲ့ ကိုယ့်ပါးကိုယ်ပြန်စမ်းမိသည်။
ဆယ်ဟွန်းမြင်နေရသမျှဟာ.ပန်းနုရောင်အလွှာပါးကလေး....
ဆုပ်ကိုင်ပစ်ချင်သည်။