13

3.8K 396 48
                                    

Unicode:

အထက်တန်း ပထမနှစ်။

မြောင်ဟီးတို့ကျောင်းကို ကျောင်းသားအသစ်တစ်ယောက် ယောက်လာသည်။ ဆရာမ မိတ်ဆက်ပေးတဲ့အခါ...ရှေ့လျှောက်ကူညီကြပါ ဆိုသည့် စကားမပါပဲ 'အိုဆယ်ဟွန်း' ဟု တစ်လုံးတည်းပြောကာ သူမတို့အတန်းသားဖြစ်ခဲ့သည်။ ကြာလေသိလာတာက ထိုလူဟာ လူမဟုတ်သည့် ရေခဲ တုံး။ သူ့ကိုကြည့်လျှင် အမြဲတမ်းစိတ်ဖိစီးနေသည့် အဘိုးကြီးအိုဒီဇိုင်းနှင့်။ ကျောင်းဖွင့်ပြီး တစ်လကြာသည့်တိုင် သူ့မှာသူငယ်ချင်းမရှိ။ မရှိဆို..သူကဘာမှမလုပ်သည့်တိုင် သူ့ရုပ်ကိုကြည့်ပြီး ကြောက်နေကြတာက များတာလည်းပါ၏။ ပြောရလျှင် အိုဆယ်ဟွန်းဆိုတာ မာနခပ်ကြီးကြီးနှင့် အခြေကြီးသည့် အထက်တန်းကျောင်းသား။ အတန်းခေါင်းဆောင်ဖြစ်သည့် သူမနှင့် ယောလ်က ငယ်ငယ်ကတည်းက အိမ်ချင်းနီးကပ်သူငယ်ချင်းတွေ။

ချန်းယောလ်က ဆယ်ဟွန်းကိုစိတ်ရှည်သလောက် သူမကတော့ မရှည်။ အိမ်စာထပ်ဖို့ပြောရင် အင်းမလုပ်အဲမလုပ် စာအုပ်တစ်အုပ်ကို ဘုတ်ကနဲ ထပ်တင်သွားသည့် ဆယ်ဟွန်းကို အထက်တန်းပထမနှစ်ရဲ့ ပထမဆုံးနေ့ရက်များစွာက သူမ အမြင်ကတ်မုန်းတီးခဲ့မိပါသည်။

..............

"ဘာလို့ကျောင်းမတက်ရတာလဲအကောင်ရဲ့"

ခေါက်ဖုန်းပေါက်စကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အော်ပစ်လိုက်သည်။ အလုပ်မဟုတ်တာ...ဆရာမကအစည်းအဝေးခေါ်တဲ့နေ့မှ။

"မြောင်ဟီးကလည်း ငါအရင်အပတ်ကတည်းကပြောထားတယ်လေ...တီလေးယွန်းရှင်းကလေးမွေးလို့ ငါအလုပ်ရှုပ်နေတယ်လို့"

"နင့်အဒေါ် ကလေးမွေးတာက နင်နဲ့ဘာဆိုင်လို့လဲ..နင်က ကလေးအဖေမို့လို့လား..ယောလ်.နင် အရှုပ်တွေမလုပ်နဲ့နော်...ငါ နင့်အမေနဲ့ပြန်တိုင်မှာ"

"ဆိုင်တယ် ဆိုင်တယ်...တီလေးမွေးထားတဲ့ကလေး ငါ့‌ညီ‌လေး...ဟျွန်းနီလေ....ငါ့လက်ကချလိုက်ရင် ငိုနေလို့...ငါလည်းသနားတာနဲ့ "

"သေလိုက်.."

"တီ.."

ချသွားသောဖုန်းကို ငေါင်စင်းစင်းကြည့်ကာ ပိုးတဘက်ကို ဆွဲချည်လိုက်သည်။

LovinglyWhere stories live. Discover now