8

2.5K 344 38
                                    

"လူကလေးကငယ်ငယ်....အသည်းကလေးလည်းငယ်ငယ်...ဖြူစင်သူသည်းငယ်ရယ်...လှည့်ကြည့်ပါဦးကွယ်..."

ခြေလှမ်းတွေတုံကနဲရပ်သွားသော ဘေးကပါလာသည့်ဟန်ငယ်က သူ့ကိုမော့ကြည့်ကာခေါင်းခါပြသည်။

ဒီနေ့ဒီအတန်းကိုဖြတ်ရမည်ဆိုကတည်းက ဂျေဟျွန်းတို့ကလက်သီးပြင်ပြီးသား။ အမှန်ဆိုရန်စရှိတာက သူနဲ့ပေမဲ့ ဟန်ငယ့်ကိုစောင်းမြောင်းပြီး စကားပုပ်ကိုသီချင်းလုပ်ဆိုနေသည်။

နောက်ပါးကအသံတွေကိုရပ်နားထောင်ကာ စိန်ပြေနပြေပဲ ပြုံးသည်။

အတန်းတွေရှေ့က ဖြတ်သွားရသည့် ကော်ရစ်ဒါ အခင်းအကျင်းမို့ ဂျေဟျွန်းတဲ့ဟေ့ ဆို စိတ်ဝင်စားပြီးသား လူအပေါင်းက ရှိသမျှအခန်းဝတစ်လျှောက်မှာ ခေါင်းပြူနေကြသည်။ ခေါင်းပေါ်ကဆံပင်လိမ္မော်ရောင်တွေကို တစ်ချက်ဆွဲဖွကာ နောက်ပြန်လှည့်လိုက်သည်။ ဟန်ငယ်ကဘေးမှာကပ်လျက်သား။ သွားလေ ဟု မေးဆတ်ပြတော့ ဟင့်အင်းဆိုပြီး ခေါင်းခါပြသည်။ ရုပ်ကလေးက ဆူပုတ်ပုတ်။

အုပ်စုဖွဲ့မှ မိုက်လုံးကြီးတတ်သော လူတွေကို သူအထင်မကြီးတတ်ခဲ့တာကြာပြီ။

"ကြောင်ချေးတွေ..."

"ဟက်..."

နဂိုကတည်းက မျက်စောင်းတခဲခဲ အစွယ်တဖြဲဖြဲမို့ လောင်စာတစ်ခုနဲ့တင် မီးလောင်သွားသည်။ ပစ်ဝင်လာသောလက်သီးတွေကိုလှည့်ပတ်ရှောင်ရင်း ဟန်ငယ်က ဘယ်ရောက်သွားသည်မသိလိုက်။ လွတ်ထွက်သွားသော သတိကြောင့် ပါးစောင်တစ်ဖက်ကပူကနဲe။ အသားနာသွားတာမို့ အေးနေသောသွေးတွေက ဆူပွက်လာသည်။ မြင်ရာကမ်းရာ မဲမဲမြင်သမျှ လှိမ့်ထိုးနေမိ၏။

"ဟေ့..ရပ်ကြစမ်း..."

ဆရာတွေ ဆရာမတွေ ပြေးလာကြတာ မြင်လိုက်ရသည်။ ဟန်ငယ်ရော.......

ခပ်လှမ်းလှမ်းမှာ ကျောင်းသားတစ်ယောက်နဲ့ လုံးထွေးနေ၏။

"ဘုန်း...."

လူတစ်ယောက်ကိုအလွယ်ကလေးပဲ ကိုင်ပေါက်ပစ်သော..သူ့ဟန်ငယ်....

ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ပြန်ဆွဲချနေကာ

သွားတွေပေါ်အောင်ပင်ရယ်ပြလျက်......

LovinglyWhere stories live. Discover now