1....

22.1K 1.1K 39
                                    


Zawgyi

ကျယ်​၀န်းလှတဲ့ ခြံကြီးထဲ..
ခမ်းနားလွန်းတဲ့အိမ်​ကြီးကို ​ကျောခိုင်းထားပြီး...

သူ့အတွက်​ဆိုပြီး..သူ့အ​ဖေလုပ်​​ပေးထားတဲ့..
ပန်းခြံထဲက ခုံ​လေးထဲမှာ...
ကျွန်​​တော်​သိပ်​ချစ်​တဲ့သူ ..ထိုင်​ငို​နေခဲ့တာ..
မိနစ်​ပိုင်း​တော်​​တော်​ကြာမြင့်​​နေခဲ့ပြီ..။

ကျွန်​​တော်​ဘယ်​​လောက်​​ချော့​ချော့..
အငိုတိတ်​ဖို့​နေ​နေသာသာ ပိုတိုးလို့ပဲငို​နေ​တော့
ကျွန်​​တော့်​မှာ ကမ္ဘာကြီးပြိုပျက်​ကျ​နေသလိုမျိုး
ခြေမကိုင်​မိလက်​မကိုင်​မိကိုဖြစ်​လို့..။

ရန်​ပွဲ​တွေ ဆက်​ဖြစ်​​နေတဲ့သူ့အ​ဖေနဲ့အ​မေကို​တောင်
မဆီမဆိုင်​မုန်း မိချင်​သည်​..။

ဦး​လေးနဲ့အန်​တီ သူ့​ရှေ့မှာ ရန်​ဖြစ်​ပြလို့..
သူငို​နေရတာ...!

"BaekHyunee..တိတ်​​တော့​လေကွာ..
မျက်​လုံး​တွေ​တော်​​တော်​ရဲ​နေပြီ.."

"ငါသိတယ်​..အ​မေက ဒီ​နေ့ပြန်​လာမှာ မဟုတ်​ဘူး..
အ​ဖေက အရက်ေ​တွ​သောက်​ပြီးငို​နေဦးမယ်​.."

"သိတယ်​..သိတာမို့လို့..
မင်းကပဲဖြစ်​ဖြစ်​..မင်းအ​မေကို​ဖျောင်းဖျနိုင်​​အောင်
တတ်​နိုင်​သမျှ...ကြံ့ကြံ့ခိုင်​​နေရမယ်​မလား..?
အဲ့တာ​ကြောင့်​မငိုနဲ့​တော့​နော်​.."

"အ​မေက..အ​ဖေ့ကို ဘယ်​တုန်းကမှ ..
မချစ်​ခဲ့တာ.."

အဲ့တာပါပဲ..။

သူ့နှလုံးသား​လေး..အမြဲတစ်​​စေကွဲ​ကြေ​နေရတဲ့အ​ကြောင်း
အရင်း..။

အန်​တီက မချစ်​မနှစ်​သက်​ပဲ ဦး​လေးကိုယူခဲ့ရလို့..
ဦး​လေးက အတင်းအကျပ်​နဲ့သူ့ကိုလက်​ထပ်​ခဲ့လို့..
အမြဲတမ်းဦး​လေးကို ကလန်​ကဆန်​လုပ်​တာ​တွေ..

ဦး​လေးနစ်​နာရာနစ်​နာ​ကြောင်းလုပ်​တတ်​တာ​တွေ..
စသဖြင့်​ သူ့​အ​ဖေနဲ့အ​မေကြားဖြစ်​ပျက်​သမျှ
အ​ကြောင်းအရာအားလုံးကို..
Byun စံအိမ်​ကြီးတစ်​ခုလုံးဝက်​၀က်​ကွဲသိရုံတင်​မက..
ကျွန်​​တော်​တို့အိမ်​ကလူ​တွေပါ..
အစအဆုံးသိ​နေတဲ့ကိစ္စ..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now