17( Changes )

7.3K 756 92
                                    

Zawgyi

2 yrs have passed after their wedding,

"ဆန်​မုန့်​နှစ်​ဘူး​လောက်​..ရ​သေးတယ်​မလား..?"

"ဟုတ်​ကဲ့..သုံးဘူး​တော့ကျန်​ပါ​သေးတယ်​.."

"အာ..​တော်​​သေးတာ​ပေါ့..."

ဆိုင်​​ရှေ့ကားရပ်​တာနဲ့..Baek Hyun လက်​ကိုဆွဲပြီး
အ​မောတ​ကောဝင်​လာခြင်းရဲ့အကျိုး​​ကျေးဇူးက..
ဘူဆန်​မြို့ရဲ့ နာမည်​ကြီး ဆန်​မုန့်​ကို..ဒီ​နေ့စားခွင့်​ရလိုက်
ုခြင်းပင်​..။

၅ နာရီခွဲပဲရှိ​သေး​ပေမယ့်​ ..ဒီ​နေ့လူ​တော်​​တော်​များတယ်​ထင်​..။
သုံးဘူးပဲ ကျန်​တယ်​ဆို​တော့..။

ဘာပဲဖြစ်​ဖြစ်​..Baek Hyun စားဖို့ ရလိုက်​ပြီပဲ..။
ကျေနပ်​ပါတယ်​..။

"ဒီဆိုင်​က အမြဲတမ်း ၆နာရီဆိုပိတ်​တာလား..?
ပြီး​တော့ ဒီလိုပဲ အလုအယက်​၀ယ်​ရတာတာလား..?"

"အွန်း..လက်​ရာက ထူးခြားတယ်​ဆို​တော့..
ဒီလိုပဲ သူ့ထက်​ငါဦး​အောင်​၀ယ်​ရတာ..
မင်းappa​ရော..ငါ​ရော..မင်းကို ဘယ်​လိုဝယ်​​ကျွေးရလဲ
အခုသိပြီဟုတ်​..?"

"အင်းပါ..သိတာမို့​ကောင်း​ကောင်းစားမယ်​​နော်​.."

လက်​ထဲက မုန့်​ဘူး​တွေကို..ယူပြီးလှစ်​ခနဲပြုံးပြကာ..
ကျွန်​​တော့်​​ရှေ့က​နေကား​ပေါ်တက်​သွားတဲ့လူ..။

တစ်​ခါတစ်​ခါ..အဲ့လိုချွဲပြလိုက်​ရင်​..ဒီက​ကောင်​က..
ကမ္ဘာကြီးတစ်​ခုလုံးရပ်​တန့်​သွားသလို..။
သူကြိုက်​တဲ့မုန့်​စားရ​​တော့မှာမို့​ပျော်​​နေတဲ့ပုံက..
လူဆိုး​ခေါင်း​ဆောင်​ဆိုတဲ့ ဂုဏ်​ပုဒ်​နဲ့ဘာမှမဆိုင်​သလို..။

မနက်​က ဘူဆန်​မှာ အလုပ်​ရှိလို့ ခဏသွားမယ်​ ​ပြော​ပေမယ့်​..ကိုယ့်​ဘက်​မှာလဲ အလုပ်​​တွေကမပြတ်​​သေးလို
သူနဲ့မလိုက်​နိုင်​ခဲ့..။
နေ့လည်​အလုပ်​ပြီးမှသာ လိုက်​လာနိုင်​တာ​ကြောင့်​..
ဆန်​မုန့်​ဆိုင်​​ရောက်​ဖို့ ကတိုက်​ကရိုက်​နဲ့​တော်​​တော်​​ပြေးလိုက်​ရသည်​..။

သူကြိုက်​တဲ့မုန့်​ကို..သူနဲ့အတူတူ လာဝယ်​ချင်​တဲ့
ဆန္ဒ​ရော..
ပြီးခဲ့တဲ့တစ်​​ခေါက်​တုန်းက..ဆန်​မုန့်​ဘူး​တွေကိုသူ့​ရှေ့​ရောက်
အောင်​မယူလာ​ပေးနိုင်​ခဲ့တာ​ရော..
ဒီ​နေ့​တော့ အားလုံးကို လုပ်​နိုင်​ခဲ့ပါပြီ...။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now