6.....

6.2K 662 23
                                    

Zawgyi

ဧည့်​ခန်းထဲမှာ အရုပ်​ကား​လေးတစ်​စီးနဲ့လှည့်​ပတ်​​ဆော့ကစား​နေသည့်​ ငါးနှစ်​သားအရွယ်​ က​လေးငယ်​​လေးက..
သူ့ကား​လေး ကလွဲရင်​ တစ်​ခြားဘာမှစိတ်​၀င်​စားမှု
မရှိသလို ပကတိငြိမ်းချမ်း​နေသည်​..။

တစ်​ခါတစ်​ခါ သူ့အ​ဖေဘယ်​​တော့ပြန်​လာမလဲလို့​မေးရုံကလွဲလို့ သူ့ဘ၀ကြီးက ​နေ​ပျော်​စရာပင်​..။

ကျွန်​​တော်​လဲ အဲ့က​လေးသိချင်​​သည့်​ သူ့အ​ဖေဘယ်​​တော့ပြန်​လာမလဲ ဆိုသည့်​ကိစ္စကိုပဲ သိချင်​​နေသည်​..။

ဘာ​ကြောင့်​ဆို က​လေးရဲ့အ​ဖေက ကျွန်​​တော့်​ရဲ့
အားအကိုးရဆုံး အတွင်း​ရေးမှူးဆိုလဲ ဟူတ်​သလို..
ကျွန်​​တော့်​ဂိုဏ်းမှာ ကျွန်​​တော်​ပြီးရင်​အ​ရေးပါဆုံးလူတစ်​​ယောက်​..။
ပြီး​တော့ လွန်​ခဲ့သည့်​တစ်​ရက်​​ကျော်​​ကျော်​တည်းက
အစအနရှာလို့မရ​အောင်​ ​ပျောက်​​နေခဲ့သည်​...။

သူ့အလုပ်​က လက်​​တွေ့ဆင်းပြီးလုပ်​ရတာမျိုးမဟုတ်​ပဲ..
နောက်​ကွယ်​က ​ဆောင်​ရွက်​​ပေးရတာရယ်​..
ကျွန်​​တော့်​အလုပ်​​တွေကို ​နေရာချ​ပေးရတာရယ်​..
အဲ့လိုသ​ဘောမျိုးပဲဆို​တော့ သူများနဲ့..
ရန်​ငြိုးရန်​စ ရှိရ​အောင်​အထိလဲ
မဟုတ်​..။

အဲ့တာဆိုရင်​..ဘယ်​​ရောက်​​နေတာများဖြစ်​မလဲ...။

ပုံမှန်​ဆိုကျွန်​​တော့်​ဂိုဏ်းသားတစ်​​ယောက်​​ယောက်​​ပျောက်​ရင်​..
သေတယ်​ဆိုလဲ ​သေတယ်​..
ရှင်​တယ်​ဆိုလဲ ရှင်​တယ်​ ​နာရီပိုင်းအတွင်းသိရသည်​ချည်းသာ..။

အခုကိစ္စကနည်းနည်း​တော့ဆန်း​နေသည်​...။

"arjushi..​ဖေ​ဖေပြန်​လာရင်​ သားဖို့မုန့်​​တွေအများကြီး
ဝယ်​လာမှာမလား.."

"သား​လေးက မုန့်​​စားချင်​လို့လား.."

"ဟုတ်​..!"

"မုန့်​စား ချင်​တာများ ​ဖေ​ဖေ ပြန်​လာတဲ့အထိ​စောင့်​စရာမလိုပါဘူး..arjushi က ၀ယ်​​ကျွေးမှာ​ပေါ့..
စားမှာ မလား.."

"ဟုတ်​..!"

ဆော့​နေရင်းက​နေ မုန့်​စားချင်​လာလို့ထင်​..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now