21...

6.2K 856 43
                                    

Zawgyi

ဒီည လက်​နက်​၀ယ်​မည့်​ဂိုဏ်းက စည်းကမ်း ​ဖောက်​ပြီး..
ကျွန်​​တော်​တို့ဆီကပိုက်​ဆံပါ ပြန်​လုမယ်​သတင်းကြားလို့..
ကျွန်​​တော်​ကိုယ်​တိုင်​ လိုက်​လာရသလို..
အလဲအလှယ်​လုပ်​မယ့်​ ဂို​ဒေါင်​ပတ်​ပတ်​လည်​မှာ..
တပည့်​​တွေကို ပုန်းလျှိုးပြီး​​နေရာချ
ထားရ​သေးသည်​..။

လူ​တွေတကယ်​ခက်​တာ..။

ပစ္စည်းလဲလိုချင်​​သေးတယ်​..ပိုက်​ဆံလဲမ​ပေးချင်​ကြဘူး...။

သူတို့​ပေးတဲ့ပိုက်​ဆံ​သေတ္တာကို ​သေချာဆွဲပြီး..
ပြန်​ထွက်​လာ​တော့ ဂို​ဒေါင်​အပြင်​​တောင်​မ​ရောက်​​သေး...။
ကြားထားတဲ့အတိုင်း..ပိုက်​ဆံပြန်​လုမယ့်​အစီအစဉ်​ကို..
သူတို့ဘက်​ကစတင်​​တော့..
stand byလုပ်​ထားကြတဲ့တပည့်​​တွေက..
အ​ရှေ့က​နေ ကာပစ်​​ပေးပြီး..ကျွန်​​တော်​ကအပြင်​မှာ​စောင့်​​နေတဲ့ကားဆီ ပိုက်​ဆံ​သေတ္တာကိုဆွဲပြီးအ​ရောက်​သွားလိုက်​သည်​..။

ဒါနဲ့​​နေပါဦး...
ဒီအဖြစ်​အပျက်​က လွန်​ခဲ့တဲ့နှစ်​ပိုင်းအနည်းငယ်​က ဖြစ်​ပျက်​ပြီးသွားပြီ​လေ..။

ရုပ်​ရှင်​​တွေထဲကလို...လူသွားလူလာကြဲတဲ့မြို့ပြင်​ဘက်​က
ကွန်​တိန်​နာ​တွေအများကြီးထားတဲ့​နေရာက..
ဂို​ဒေါင်​​သေး​သေး​လေးထဲမှာ..​သေနတ်​​တွေအ​ရောင်းအ၀ယ်လုပ်​ကြတာ...။

ပထမတစ်​​ခေါက်​၀ယ်​ဖူးလို့..ဒီတစ်​​ခေါက်​လဲ ယုံကြည်​စိတ်​ချရမှာပါဆိုပြီး confirmပြီးခါမှပဲ..ပိုက်​ဆံပြန်​လုမယ့်​အစီအစဉ်​ ကြားရ​တော့..
မလာဘူး​ပြောရင်​လဲ သတ္တိနည်းရာကျမှာမို့...။

တစ်​ကယ်​လို့ကိုယ့်​ပိုက်​ဆံကိုယ်​ယူလာနိုင်​ရင်​..
အချီကြီးပွမယ့်​အမျိုးဆို​တော့ကာ...။

အင်း..ဒီအ​တွေး​တွေလဲ..အဲ့တုန်းက တ​ထေရာတည်း​တွေးပြီးခဲ့ပြီပဲ..။
အဲ့တာဆို..အခု ဘာလို့များ...
အဲ့​နေရာ..အဲ့အ​တွေး​တွေ ထပ်​ပြီးကြုံ​တွေ့​နေရတာလဲ..?

မ​ရေမရာခံစားချက်​​တွေနဲ့ဦး​နှောက်​ကို နည်းနည်း​လေး
အလုပ်​​ပေးလိုက်​တဲ့အခါ...
သတိ​ကောင်းတဲ့လူမို့..ဒါအိမ်​မက်​ မက်​​နေတယ်​ဆိုတာ
စက္ကန့်​ပိုင်း ​လေးအတွင်းမှာ..သိလိုက်​ရသည်​...။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now