3...

7.4K 739 28
                                    


Zawgyi

တိတ်​ဆိတ်​​ငြိမ်​သက်​​နေ​သော ညအချိန်​..။

သူအိပ်​စက်​​နေသည့်​ပုံရိပ်​က​လေးကို ​အေး​အေးချမ်းချမ်းကြည့်​မည်​ဆိုတဲ့ရည်​ရွယ်​ချက်​​တွေနဲ့..
ည၁ နာရီထိုးခါနီးမှ..သူ့အခန်းထဲကို
ခြေချဖြစ်​ခဲ့သည်​..။

အခန်းတံခါးက​နေ ဖြတ်​​လျှောက်​ပြီးဝင်​လို့မရရင်
ပြတင်း​ပေါက်​​ဘောင်​ကိုတွယ်​တက်​ပြီး​တော့ပဲဖြစ်​ဖြစ်
ဝင်​မည်​လို့စိတ်​ကူးထားသမျှ..
SeHunee လက်​ထဲက ​သော့​ချောင်း​လေးက..
ကျွန်​​တော့်​ကိုဟက်​ဟက်​ပက်​ပက်​​ရယ်​​မော​စေတဲ့အထိကို
စွမ်း​ဆောင်​​ပေးနိုင်​ခဲ့သည်​...။

သူ့hyung မသိခင်​..သူ့hyungရဲ့အခန်း​သော့တူပွားထားသတဲ့​လေ...။

ဘယ်​လို​တောင်​ချစ်​ဖို့​ကောင်းတဲ့ ညီ​လေးလဲ ဆိုတာ..။

အဲ့ဒီ​သော့ပွားက​လေး​ကျေးဇူး​ကြောင့်​နဲ့..
ကျွန်​​တော်​အခုချစ်​သူရှိရာ နယ်​​မြေ​လေးထဲကို..
အေး​ဆေးသက်​သာစွာနဲ့​ခြေချခွင့်​ရခဲ့ပြီဖြစ်​သည်​...။

ဘယ်​​လောက်​ပဲအလုပ်​များများအိပ်​ချိန်​ကို​တော့
ဂရုစိုက်​တတ်​သည့်​ချစ်​ရသူအ​ကြောင်း..
ထဲထဲဝင်​၀င်​ သိတဲ့သူမို့..

ခန့်​မှန်းထားသည့်​အတိုင်း..
ကျွန်​​တော်​၀င်​သွား​တော့အခန်းအလယ်​က..
ကုတင်​ကျယ်​ကြီး​ပေါ်မှာ..ခန္ဓာကိုယ်​​သေး​သေး​လေးက
စောင်​ပုံကြားထဲကိုမြုပ်​လို့..။

နှစ်​ခြိုက်​စွာအိပ်​​မောကျ​နေသည်​..။

ဒီအ​တောအတွင်း မ​တွေ့ခဲ့ရသမျှ​တွေက..
သူ့ပုံရိပ်​တစ်​စွန်းတစ်​စ​လေးမြင်​​ရရုံနဲ့တင်​..
လှိုက်​ဖို ခံစား​စေလွန်းတာ​ကြောင့်​...
ကုတင်​ကျယ်​ကြီးရှိရာဆီ..ခပ်​မြန်​မြန်​ပဲ
ချဉ်းကပ်​လိုက်​မိတဲ့အခါ..

ကျွန်​​တော့်​အတွက်​ အရမ်းကိုလှပတဲ့ ပန်းချီကားချပ်​​လေးက
အသင့်​​စောင့်​ကြိုလို့​နေတယ်​...။

ကျွန်​​တော့်​ကိုရင့်​ရင့်​သီးသီး ​ပြောတတ်​တဲ့..
နှုတ်​ခမ်းပါးလှပ်​လှပ်​​လေး​တွေက နည်းနည်း​လေးဟ​နေကာ
အသက်​ကိုပုံမှန်​ရှူ​နေသည်​..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now