19..

5.4K 732 44
                                    

Zawgyi

ပစ္စည်းအတိုအစ​တွေထားတဲ့စတိုခန်းတစ်​ခု..။
ပင့်​ကူမျှင်​​တွေကလဲဟိုတစ်​စ ဒီတစ်​စကပ်​ငြိလို့..။
အလင်း​ရောင်​ကလည်း ဟိုတစ်​​ပြောက်​ဒီတစ်​​ပြောက်​သာ
ရှိသည်​..။

အ​ရှေ့တည့်​တည့်​မှာလဲ..ကျွန်​​တော်​သိပ်​ချစ်​ရပါ​သောသူသည်
ကျွန်​​တော့်​ကို အမုန်းမျက်​၀န်း​တွေနဲ့စူးစူးစိုက်​စို်​က်​ကြည့်​​နေသည်​..။

ဒီတစ်​ခါ​တော့..ကျွန်​​တော့်​ကို ခွင့်​မလွှတ်​နိုင်​​တော့ဘူး
ထင်​ပါရဲ့...။

"ငါက မင်းသွားဆိုတိုင်းသွား..
သူများကို​ပေးပစ်​လဲ သူများဆီ ခပ်​လွယ်​လွယ်​​လေးပါသွားရ​အောင်​ အရုပ်​လား..?
ဒါမှမဟုတ်​ ​ခွေးလား..?"

"Chan Yeol-ah.."

လည်​ပင်းကို အားမာန်​ပါပါနဲ့ဖြစ်​ညှစ်​လာတဲ့လက်​​ချောင်း​တွေ..။

အရင်​တုန်းက​တော့ချစ်​လှပါချည်​ရဲ့တဖွဖွ​အော်​​နေခဲ့တဲ့
နှုတ်​ခမ်း​တွေက..ခု​တော့ ​သေစမ်း​သေစမ်းဆိုတဲ့စကားတစ်​ခွန်းကိုသာ ထပ်​တလဲလဲ​ရေရွတ်​လျက်​..။

တောင်းပန်​ပါတယ်​ လို့​​တောင်​​ဖြောင့်​​ဖြောင့်​တန်းတန်း​ပြောခွင့်​မရှိ​တော့..။
အေး​လေ.
လုပ်​ခဲ့တဲ့အပြစ်​​တွေကလဲ အများသားမလား..။

သူမို့လို့သာ..အခုမှ မုန်းတီးတာ..။
သူ့​နေရာမှာ ကိုယ်​သာဆိုရင်​..ကျွန်​​တော့်​လိုလူမျိုးကို
မုန်းတီးလွန်းလို့..အနား​တောင်​ကပ်​​တော့မှာ မဟုတ်​ဘူး..။

ဒါ​ပေမယ့်​ဒီတစ်​​ခေါက်​က​တော့ ကျွန်​​တော့်​ဘက်​မှာလဲ
နှလုံးသား​တွေကွဲ​ကြေပျက်​စီးခဲ့ရတာကို သူသိပါ​စေ​လေ..။

သို့​ပေမယ့်​ သူ့လက်​​ချောင်း​တွေခပ်​တင်းတင်းဖျစ်​ညှစ်​လာတဲ့
အထိအ​တွေ့ရယ်​..။
တစ်​ဖြည်းဖြည်းအသက်​ရှူကျပ်​လာ​တာရယ်
ခြေ​ထောက်​​တွေ​တောင်​ ကြမ်းပြင်​​ပေါ်ကလွတ်​​နေပြီဖြစ်​တာရယ်​ ခံစားမိပြီး​နောက်​ပိုင်း..ကျွန်​​တော့်​ကမ္ဘာ​မှောင်​အတိကျသွားခဲ့ပြန်​တယ်​..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now