15 ( မင်္ဂလာဦးည -.- )

11.2K 868 111
                                    


Zawgyi

မင်္ဂလာပွဲ အထိမ်းအမှတ်​ပါတီကို ကျွန်​​တော့်​Park
အိမ်​​တော်​ခြံဝင်းကျယ်​ကြီးထဲမှာ စည်​ကားသိုက်​မြိုက်​စွာ
ကျင်းပသည်​...။

နေ့လည်​က wedding ကိုလာခဲ့ကြတဲ့ပရိသတ်​​တွေရယ်​..
သူ့ဘက်​ကတပည့်​ ကိုယ့်​ဘက်​ကတပည့်​​တွေရယ်​..
နောက်​ပြီး ခင်​တဲ့သူငယ်​ချင်းအချို့ရယ်​...

မြက်​ခင်းစိမ်း​ပေါ်မှာ..မီးထိန်​ထိန်​လင်း​နေသည့်​ပါတီပွဲက
ထင်​ထားတာထက်​ကိုပိုစည်​ကား​နေသည်​..။

အေး​လေ..။
ကိုရီးယားကနာမည်ကြီး​ဂိုဏ်း​ခေါင်း​ဆောင်​နှစ်​​ယောက်​ရဲ့
မင်္ဂလာပါတီပွဲဆို​တော့လဲ ဒီ​လောက်​​တော့ခမ်းနားသင့်​တာ​ပေါ့..။

ဒီ​လောက်​ပါတီပွဲကြီးကျင်းပ​ပေးတာ​တောင်​မှ...
မုန့်​ဖိုးအဆစ်​​တောင်း​နေ​သေးသည့်​တပည့်​​တွေကို..
ပြုံးတစ်​ဖြီးဖြီးနဲ့မုန့်​ဖိုး​ပေးရတာလဲ..အလုပ်​တစ်​လုပ်​..။

ချစ်​ရတဲ့ BaekHyunee နဲ့..
လက်​ထပ်​ခွင့်​ရထားတာပဲ...။
ဘယ်​​လောက်​ပဲကုန်​ကုန်​..ဘာအ​ရေးလဲ..။
ဟုတ်​တယ်​မလား..။

"SeHun..မင်းအစ်​ကို​ရော..?"

"အိမ်​ထဲခဏ၀င်​သွားတယ်​ထင်​တယ်​.."

ည၁၁ နာရီ​ကျော်​​ကိုပြသ​နေသည့်​နာရီလက်​တံ​တွေ​ကြောင့်​ ပါတီပွဲကို စွန့်​ခွာချိန်​တန်​ပြီး..
အိမ်​ထဲဝင်​ရန်​အချိန်​ကျ​ရောက်​လာပြီလို့သတ်​မှတ်​တာ​ကြောင့်
သက်​ဆိုင်​သူကို ရှာမိသည်​..။

ပါတီစကတည်းက ​ဘေးမှာ ခဏပဲ​တွေ့ရပြီး
ဟို​နေရာဒီ​နေရာ​လျှောက်​သွား​နေတာမို့ လိုက်​ရှာ​နေရခြင်းဖြစ်​သည်​...။

ဧည့်​သည်​​တွေကို SeHun နဲ့ထားရစ်​ခဲ့ပြီး..
တစ်​​နေ့လုံးပင်​ပန်းခဲ့သမျှ​တွေကို..ကြင်​သူ​လေး
ဘေးနားထားပြီးအ​မော​​ဖြေ ဖို့ရာအတွက်​..
အိမ်​ထဲ ၀င်​ဖို့ပြင်​လိုက်​ရာ...

အိမ်​အ၀င်​၀နဲ့အနီးဆုံးဝိုင်းမှာထိုင်​ပြီး..ဧည့်​သည်​တစ်​ချို့နဲ့
ထိုင်​စကား​ပြော​နေသည့်​သူ့ကို​တွေ့လိုက်​ရသည်​..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now