13..

6.9K 806 48
                                    

Zawgyi

ရေချိုး​ခေါင်း​လျှော်​လိုက်​​တော့ ညီးစီစီဖြစ်​​နေတာ​တွေ
အကုန်​​ပျောက်​သွားသလို..။
ခေါင်း​လျှော်​ရည်​နံ့ ခပ်​စူးစူးက ပိုပြီးလန်းဆန်း​စေသလို..။

ခေါင်းကိုတဘက်​နဲ့နာနာဖိသုတ်​ပြီးထွက်​လာ​တော့..
ကုတင်​ကျယ်​ကျယ်​ထက်​မှာ..
အဆင်​သင့်​​စောင့်​ဆိုင်း​နေသည့်​မဒီပျိုကညာ..။

တစ်​ခုခုကို ​မျှော်​လင့်​​နေပြန်​ပြီထင်​တယ်​..။

"Chanက..​ရေစိုစိုနဲ့ပိုလိုက်​သလိုပဲ.."

"ကိုယ်​က..အချိန်​တိုင်း​ချောပါတယ်​​နော်​.."

"အခု ပို​ချောတာ..ကျွန်​မသုတ်​​ပေးမယ်​​လေ.."

ကုတင်​စွန်းမှာ ထိုင်​​စေပြီး..လက်​ထဲကတဘက်​ကို
ပိုင်​စိုးပိုင်​နင်းယူသွား​ပေမယ့်​ ဘာမှ ​ပြောဖို့စိတ်​ကူးမရှိ..။

ယုယုယယဆက်​ဆံခံရတာ ဘယ်​လိုခံစားချက်​မျိုးလဲဆိုတာ
သိရဖို့ သူမအလိုကျလွှတ်​ထား​ပေးလိုက်​သည်​..။
မေ​မေကလွဲရင်​..ဘယ်​သူမှဒီလို စိတ်ရှည်​လက်​ရှည်​နဲ့
ယုယကြင်​နာဖူးတာမရှိ...။

သင်းသင်း​လေးထွက်​​နေသည့်​​ရေ​မွှေးအနံ့ကို
ပိုတိုးပြီးရှူချင်​တာ​ကြောင့်​..
ဘေးတစ်​​စောင်းအသာလှည့်​ပြီး ကိုယ်​လုံးလှလှကို..
ထွေး​ပွေ့ထားလိုက်​သည်​..။

ကိုယ်​မြတ်​နိုးချင်​တဲ့တစ်​​ယောက်​ကို ရင်​ခွင်​ထဲ
ထွေး​ပွေ့ထားရတာနဲ့ဘာမှ မဆိုင်​​ပေမယ့်​လို့..
သူလဲ သူ့ဟာနဲ့သူ​တော့ ​နွေး​ထွေးမှု​ပေးသည်​...။

အဲ့တာ​ကြောင့်​လဲ မိန်းမ​တွေအများကြီးထဲမှာမှ..
ဒီတစ်​​ယောက်​ကို ကျွန်​​တော့်​​ဘေးနားကပ်​ဖို့်
အခွင့်​အ​ရေး​ပေးခဲ့မိတာဖြစ်​သည်​..။

ချောသည်​လှသည်​ဆိုတာထက်​ပိုလွန်းသည်​..။
သူများ​တွေလို ကလက်​တက်​တာမျိုးလဲမရှိ..။

သူမနဲ့​နေရတာ ငြိမ်းချမ်းသည်​..။

"BaekHyun ဆိုတာ..ဘယ်​သူလဲ..?
အိပ်​​နေတုန်းက ခဏခဏ​အော်​​ခေါ်တယ်​..
ပြီး​တော့မျက်​ရည်​​တွေပါကျတယ်​.."

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now