5..

6.3K 677 11
                                    

Zawgyi

" Park Chan Yeol..
လွှတ်​​ပေး..ငါ့ကိုအခုလွှတ်​..!
ပြော​နေတာ မကြားဘူးလား....!!"

ညသန်း​ခေါင်​ယံ အချိန်​..Park အိမ်​​တော်​ကြီးအတွင်း..
ဤကဲ့သို့ စူးရှသည့်​အသံတစ်​သံ အဆက်​မပြတ်​ထွက်​​ပေါ်​နေသည်​မှာ..
အိမ်​ထဲကလူ​တွေ​ရော..
ခြံထဲမှာ ကင်း​စောင့်​​နေသည့်​ လူ​တွေပါ..အထိတ်​တလန့်
ထွက်​ကြည့်​လာကြတဲ့အထိ..။

ဒါ​ပေမယ့်​ ရယ်​ကျဲကျဲ ကျွန်​​တော့်​မျက်​နှာရယ်​..
ကျွန်​​တော့်​ရင်​ခွင်​ထဲမှာ လူးလားတွန့်​ထိုး​နေသည့်
Byun Baek Hyun ရယ်​ကို​တွေ့​တော့မှ..
သက်​ပြင်းကိုယ်​စီချနိုင်​သွားကြပြီး..
ကိုယ်​လုပ်​စရာရှိတာ ဆက်​လုပ်​ချင်​​ယောင်​​ဆောင်​ကာ..
ကျွန်​​တော်​နဲ့ Baek Hyunee ကို
ပေါ်တင်​တစ်​မျိုး ခိုးပြီးတစ်​မျိုး..
ကြည့်​ရှု​နေကြသည်​..။

သူတို့သခင်​နဲ့ သခင့်​ရဲ့​ကောင်းကင်​​လေးတို့..
တစ်​​ယောက်​နဲ့တစ်​​ယောက်​ကျီစား​နေကြသည်​ကို
live ကြည့်​​နေရလို့ အရမ်းကိုစိတ်​၀င်​စား​နေကြသည်​ထင်​ပါရဲ့..။

ကျွန်​​တော်​က​တော့လုပ်​ချင်​ရာလုပ်​​နေရသည်​မို့..
သူတို့ဘာသူတို့​ချောင်းကြည့်​​နေ​နေ
ကြည့်​မ​နေ​နေ စိတ်​မ၀င်​စားအား..။
ရင်​ခွင်​ထဲက အဆိုး​လေးကိုသာ
အခန်းထဲ ​ခေါ်သွားဖို့ စိတ်​အားထက်​သန်​​နေသည်​..။

omma ဆီကအပြန်​လမ်းမှာ အိမ်​လိုက်​ပို့​ပေးမယ်​ဆိုပြီး.
အစက တကယ့်​ကိုသ​ဘောရိုးနဲ့​ခေါ်လာခဲ့​ပေမယ့်
လမ်းမှာ စိတ်​ကူး​ပြောင်းသွားခဲ့သည့်​သကာလမှာ..
ကောင်းကင်​​လေး အရမ်းဆိုးတာသိ​ပေမယ့်​လို့..
ကျွန်​​တော့်​အိမ်​သို့ဇွတ်​​ခေါ်လာခဲ့သည်​..။

ကား​ပေါ်ကမဆင်းမှာ မပူရ​အောင်​..
ပွေ့ချီလာခဲ့​တော့..
အခန်းရှိရာသွားသည့်​လမ်း​တောက်​​လျှောက်​..
အသံဆိုး​လေးနဲ့​အော်​​နေသည်​မှာ..
ကမ္ဘာကြီးနှစ်​ခြမ်းပြဲမတတ်​ပင်​..။

ဒါ​ပေမယ့်​ကျွန်​​တော်​က​တော့ ဂရုမစိုက်​..။
ယောက်​ဖ​လောင်း​လေး အမြဲသင်​​ပေး​လေ့ရှိသည့်​..
ဘယ်​အချိန်​ပဲ​ပေါ်လာ​ပေါ်လာ အခွင့်​အ​ရေးကို
လက်​ဆုပ်​လက်​ကိုင်​ ပြုနိုင်​ရမည်​ ဆိုသည့်​ထုံးနှလုံးမူ
၍ပဲ...ခန္ဓာ​သေး​သေးကို
ကျစ်​ကျစ်​ပါ​အောင်​​ပွေ့ချီပြီး အိပ်​ခန်းထဲ​ခေါ်လာခဲ့သည်​..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now