8...

5.8K 691 37
                                    

Zawgyi

တိတ်​ဆိတ်​​နေ​သော အခန်းကျယ်​ကြီးထဲမှာ..
လူနှစ်​​ယောက်​ စကား​ပြောသံသာ​နေရာယူထားသည်​..။

တစ်​​ယောက်​က အသက်​​လေးဆယ်​​ကျော်​အရွယ်
တရုတ်​အမျိုးသား..။

နောက်​တစ်​​ယောက်​က အသက်​သုံးဆယ်​နားနီး
အသားဖြူဖြူ နဲ့ချစ်​ဖို့​​ကောင်းလွန်းသည့်​ ကိုရီးယားအမျိုးသားတစ်​​ယောက်​..။

တစ်​ခုခုကို ​ဆွေး​နွေတိုင်​ပင်​​နေကြသည့်​ပုံ..။

"မင်း ယူလာတာ​လေးက ​ကောင်းသားပဲ..
ငါဘယ်​​လောက်​​ပေးရမလဲ.."

"အာ...ကျွန်​​တော်​အခ​ကြေး​ငွေတစ်​စုံတစ်​ရာ
မ​တောင်းခံပါဘူး ​ခေါင်း​ဆောင်​..ဒီအတိုင်း.."

"အိုး..သ​ဘော​ကောင်းလှချည်​လား..
Baek Hyun ရဲ့.."

Laptop screen ကို အကြည့်​မပြတ်​​ပြော​နေရင်း
ဘေးနားက အမျိုးသား​လေးရဲ့စကား​ကြောင့်
တရုတ်​ကြီး screen ​ပေါ်က အကြည့်​ခွာပြီး..
ခပ်​ပြုံးပြုံးလုပ်​​နေသည်​..။

"ပိုက်​ဆံမလိုချင်​​ပေမယ့်​ လိုချင်​တာ​တော့ ရှိမှာ​ပေါ့.."

"ဟုတ်​ကဲ့..ဒီလို​ပြောမိလို့စိတ်​ခုသွားမလား
မသိ​ပေမယ့်​..
တစ်​ကယ်​လို့ ​ခေါင်း​ဆောင်​ကြီး Xဂိုဏ်းကို ရှငိးပြီးရင်
X ဂိုဏ်း​နေရာမှာ ကျွန်​​တော့်​ရဲ့ Byun အိမ်​​တော်​ကို
အစားထိုး​ပေးနိုင်​မလားလို့ပါ.."

"ဟားဟားဟား... Baek Hyun..
မင်းသိပ်​​တော်​လွန်းတယ်​..
ဒါနဲ့လွန်​ခဲ့တဲ့ ဆယ့်​ငါးနှစ်​​လောက်​က..
မင်းတို့ အထက်​တန်း​ကျောင်းအားကစားခန်းမနားမှာ
ဒဏ်​ရာ​တွေနဲ့လဲ​နေခဲ့တဲ့ လူတစ်​​ယောက်​ကိုမှတ်​မိရဲ့လား.."

"ဗျာ..!?"

သူ​ပြော​နေတဲ့အ​ကြောင်းအရာနဲ့..
တရုတ်​ကြီး​ပြောလာတဲ့ဟာက ​တော်​​တော်​​လေး
လွဲ​ချော်​သွားခဲ့လို့ထင်​သည်​..။

အမျိုးသား​လေးရဲ့ နဖူး​ကြော​တွေ​တောင်​တွန့်​​ထောင်​သွားပြီး တစ်​ခုခုကို အသည်းအသန်​စဉ်းစား​နေပုံ...။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now