10..

6.4K 728 70
                                    

Zawgyi

တံခါးမကြီးကိုဆွဲဖွင့်​လိုက်​တာနဲ့နှာ​ခေါင်းထဲတိုးဝင်​လာသည့်
ကော်​ဖီအနံ့..။

နာမည်​ကြီး​ကော်​ဖီဆိုင်​မို့ လူ​တွေက စားပွဲ ခုံအပြည့်​..။

ဒီလို​နေရာမျိုးမှာ..အလုပ်​ကိစ္စကို ​အေး​အေးလူလူ ​ဆွေး​နွေးမယ့်​စိတ်​ကူးရသည့်​ Byun အိမ်​​တော်​ကြီးရဲ့
အရှင်​သခင်​ လူဆိုးကိုလဲ ချီးကျူးမိသည်​..။
အများနဲ့ဆိုင်​တဲ့​နေရာမှာ ဆို​တော့..
ဘယ်​သူမှလဲ သိပ်​သတိမထားမိ​လေ..။

Se Hun ​ပြောတာ​တော့ လက်​နက်​ကိစ္စဆိုလား..။

ဥာဏ်​​တော်​​တော်​​ကောင်းတဲ့ Byun Baek Hyun ​လေးလို့​ပြောရမည်​..။
ကိုယ့်​ဝိုင်းနဲ့ကိုယ်​စကား​ပြောဆို ​နေကြသည့်​ ဆိုင်​ထဲမှာ..
တရားမ၀င်​ လက်​နက်​​ရောင်းဝယ်​ခြင်းကိစ္စ​လေးက
အန္တရာယ်​လဲကင်း..
ငြိမ်​ငြိမ်​သက်​သက်​​လေးပဲ ပြီးသွားမယ်​​ပေါ့...။

"americano တစ်​ခွက်​​ပေးပါ.."

ကောင်​တာမှာ..​ကော်​ဖီမှာ​နေတဲ့အချိန်​ထိ..
ကျွန်​​တော့်​ကို မမြင်​​သေးတဲ့လူဆိုး​ကောင်​..။

ဒီ​လောက်​ သူနဲ့မျက်​နှာချင်းဆိုင်​​နေရာမှာမှ ​ရွေးရပ်​​နေတာကို​တောင်​  ..
အ​ရှေ့ကပုဂ္ဂိုလ်​နဲ့ပဲအာရုံစိုက်​ပြီးစကား​ပြော​နေလို့..
သူ့​ရှေ့မှာ ထွန်းလင်း​တောက်​ပ​နေသည့်​ ​နေ​ရောင်​ခြည်
ကြီးကို ခုထက်​ထိ မမြင်​နိုင်​​သေး..။

ကိစ္စမရှိ..။

နေ​ရောင်​ခြည်​ကြီးထွန်း​တောက်​​နေတာကို မမြင်​​သေးရင်
နေ​ရောင်​ခြည်​ကြီးက..ကိုယ့်​ကို မြင်​​စေချင်​တဲ့လူဆီ တည့်​တည့်​သွား​ပေးလိုက်​မည်​...။

ထို့​ကြောင့်​ americano ဘူး​လေးကိုင်​ပြီး
လူဆိုး​ကောင်​ ထိုင်​​နေသည့်​စားပွဲရှိရာတည့်​တည့်​​လျှောက်​ကာ..
ပုခုံးသားနုနုကို လမ်းသွားရင်းတိုက်​မိတဲ့ပုံစံမျိုးနဲ့..
တမင်​သက်​သက်​တိုက်​ချ​ပေးလိုက်​သည်​..။

"အို..!
ဆောရီးပါဗျာ.."

အ​နောက်​က​နေ ပုခုံးကို တမင်​သက်​သက်​ကြီး
တိုက်​ချခံလိုက်​ရ​တော့...
မျက်​​မှောင်​ကြုံ့ပြီး လှည့်​ကြည့်​လာတဲ့ မျက်​၀န်းတစ်​စုံက..
ကျွန်​​တော့်​ကို မြင်​​တော့..
ပိုပြီးမျက်​​မှောင်​ကြုံ့သွားသည်​..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now