18...

5.7K 736 60
                                    

Zawgyi

နာရီသံ ​ချောက်​ချက်​​ချောက်​ချက်​ကလွဲရင်​..ဘာသံမှ
မကြားရတဲ့​ဟော်​တယ်​အခန်းကြီးထဲ နာရီတကြည့်​ကြည့်​လုပ်​လိုက်​..
အခန်းတံခါးဝကို လှမ်းကြည့်​လိုက်​နဲ့
သိပ်​အဆင်​​မ​ပြေလှ..။

မနက်​ကအိမ်​မှာလဲ ​တွေ့တယ်​..။
ညကျ လဲ အိမ်​မှာ ထပ်​​တွေ့ရမှာပဲကို..။

ဘာကိစ္စနဲ့ ည​နေပိုင်းကြီးကို..ဒီကို လာခဲ့ပါလို့​ခေါ်ရသလဲ..။

တစ်​ခါတစ်​ခါ Baek Hyunee ရဲ့စိတ်​ကို နားမလည်​တာ အမှန်​..။
anniversary day ကလဲ ​နောက်​လမှ ဆို​တော့ကာ..။

ထားပါ​လေ..anniversaryမှ ​ဟော်​တယ်​ တက်​ရမှာလား..။
ဒီတိုင်း ..သူ့ဘာသူစိတ်​ကူးရလို့​ခေါ်လိုက်​တာလဲ ဖြစ်​ချင်​ဖြစ်​မှာ​ပေါ့..။
ဟုတ်​ဟုတ်​မဟုတ်​ဟုတ်​  ..ကိုယ့်​ဘာကိုယ်​ ​တွေးချင်​ရာ​တွေးပြီး..​နေ​တော့ နည်းနည်း​တောင်​​ပျော်​လာသလို..။

ပြောလို့မရဘူး...လူဆိုး​ကောင်​က..
ကျွန်​​တော့်​ကို surprise event​တွေ ဘာ​တွေ
လုပ်​​ပေးရင်​ လုပ်​​ပေး​နေမှာ..။

"honey..ဘယ်​​ရောက်​​နေပြီလဲ..မလာ​သေးဘူးလား.?"

"အင်း..​နောက်​ဆယ်​မိနစ်​ဆို​ရောက်​ပြီ​နော်​..
ခဏ​လေးပဲထပ်​​စောင့်​.."

ဖုန်းထဲကပျံ့လွင့်​လာတဲ့ အသံ​လေးအဆုံးသတ်​ပြီး​နောက်
ရယ်​မိပြန်​သည်​..။
နောက်​ထပ်​မိနစ်​ပိုင်းနည်းနည်း​ကျော်​လွန်​လျှင်​...
သူ့မျက်​နှာ​လေးမြင်​ရ​တော့မယ်​ဆိုတဲ့အသိက..
ကြည်​နူးမိတယ်​ဆိုတာထက်​ကိုပိုသည်​..။

မင်္ဂလာသက်​တမ်းကြာလာတာနဲ့အမျှ ကိုယ့်​ကြင်​​ဖော်​ကြငင်​ဖက်​အ​ပေါ် မြတ်​နိုးစိတ်​​လျော့ကျလာကြတယ်​လို့
သူများ​တွေ ဘာလို့​ပြောကြလဲမသိ..။
ကျွန်​​တော်​က​တော့ သူ့ကို အချိန်​​တွေပိုကြာ​လာ​လေ​လေ..
ပိုပြီးချစ်​လာ​လေ​လေ မို့..
လောဘအရမ်းမတက်​မိ​အောင်​ မနည်းထိန်းထားရသည်​..။

ဤသို့ ဤကဲ့သို့...ဆွတ်​ပျံ့ကြည်​နူးဖွယ်​ ပန်းနု​ရောင်
ချစ်​ခြင်းတစ်​စုံအ​ကြောင်း လွမ်း​မော​နေဆဲမှာပင်​..
ကျွန်​​တော့်​ဘ၀တစ်​ဆစ်​ချိုး ​ပြောင်းလဲဖို့ရန်​ဖန်​လာတဲ့အခါ..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now