2...

9.2K 778 9
                                    

Zawgyi

"သားတစ်​ကယ်​ ​ရွေးချယ်​လိုက်​ပြီလား..
အ​မေ​လေ သားကို တီဗွီမှာလာတဲ့အဆို​တော်​​ကောင်​​လေး
တွေလို ဂီတာတီးပြီး သီချင်းဆို​နေရင်​​တောင်
သ​ဘောတကျ​လေး ကြည့်​​ပေးလိုက်​ဦးမယ်​..
အခုဟာက သားရယ်​.."

"​တောင်းပန်​ပါတယ်​..​မေ​မေ..
ဒါ​ပေမယ့်​..သား.."

"အဲ့က​လေးကို အဲ့​လောက်​​တောင်​ချစ်​တာပဲလား..?
ဟင်​..?
သားဘ၀ရဲ့ရည်​မှန်းချက်​​တွေအကုန်​မြှပ်​ပစ်​လိုက်​ရ
လောက်​တဲ့အထိ ချစ်​လား.."

အ​မေတစ်​​ယောက်​အ​နေနဲ့ ကိုယ့်​သား​လေး
လူဆိုးလူမိုက်​အဖြစ်​အသက်​​မွေးနေ တာကို..
ဘယ်​လိုမှ မကြည့်​ရက်​နိုင်​လို့..
အဲ့​လောကထဲက ဆွဲထုတ်​​ပေမယ့်​လဲ..
ခဏခဏ ဒုံရင်းပဲ ပြန်​​ရောက်​သွားတဲ့..သားဖြစ်​သူရဲ့..
မြစ်​ဖျားခံရာက...

ငယ်​ငယ်​က အိမ်​နီးနားချင်းဖြစ်​ခဲ့ဖူးသည့်
က​လေးတစ်​​ယောက်​ဆီမှာ..ဖြစ်​​နေ​တော့..
အ​မေ့ခမျာ မချိတင်​ကဲ ၀မ်းနည်းရ​ပေမယ့်​...

သားဖြစ်​သူက..
သူမှသူဖြစ်​​နေ​တော့လဲ..
အ​မေ့မှာ ​နောက်​ဆုံးလက်​နက်​ချအရှူံး​ပေးပြီး..
ကျွန်​​တော့်​ဆန္ဒအတိုင်းပဲ လိုက်​​လျော​ပေးဖို့ဆုံးဖြတ်​ချက်​ချခဲ့ရှာသည်​..။

ဒါ​ပေမယ့်​..ကျွန်​​တော့်​နှလုံးသားထဲမှာ..
ကျွန်​​တော်​​သေတဲ့အထိ စွဲမြဲသွား​စေမည့်​စကားတစ်​ခွန်းကို
အ​မေ​ပြောလာခဲ့ပါသည်​..။

"အဲ့က​လေးစိတ်​ထဲက အတ္တ​တွေကို ဖယ်​ပြီး
သားအချစ်​ကို သူမြင်​တတ်​လာတဲ့အထိ ကြိုးစားလိုက်​စမ်းပါ
အဲ့ဒါမှ ငါ့သား​လေး..
အ​မေ့ကိုဆန့်​ကျင်​ပြီးသူ့လိုလူဆိုးလူမိုက်​လုပ်​​နေရတာ​တွေ
တန်​သွား​အောင်​.."

Baek Hyunee ကို ​စောင့်​​ရှောက်​ဖို့..
သူ့​လောက်​အင်​အားကြီးတဲ့လူဖြစ်​​အောင်​ဆိုပြီး..
သူလုပ်​​နေသည့်​အလုပ်​ကို လိုက်​လုပ်​မိခြင်းက..
အ​မေ့ရင်​ကို ဘယ်​​လောက်​ထိ ကွဲ​ကြေ​စေမှန်း
သိ​ပေမယ့်​လဲ..
ကျွန်​​တော်​ လုံးဝ​နောက်​မဆုတ်​ဖြစ်​ခဲ့..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now