20..

5.4K 762 59
                                    

Zawgyi

မှောင်​မည်း​နေတဲ့​ကောင်းကင်​ပြင်​ကြီးနဲ့..
အငြိုးကြီးကြီးရွာသွန်း​နေတဲ့မိုး​ရေစက်​​တွေက...

ကျွန်​​တော့်​စိတ်​အ​ခြေအ​နေကို ​ကျောက်​ကမ်းပါးစွန်း​ရောက်​သထက်​ ​ရောက်​​အောင်​ တွန်းပို့​နေသလို...။

မ​နေ့က appa ရက်​လည်​ ​နေ့..။

သူငယ်​ပြန်​ ​နေတာကလွဲရင်​ ကျန်းမာ​ရေး​ဒေါင်​​ဒေါင်​မြည်​​နေတာကို ဘာ​ကြောင့်​များရုတ်​တရက်​ဆုံးပါးသွားပါလိမ့်​..။

လောကကြီးက ဘာမှ မတည်​မြဲဘူးဆိုတာ သိပ်​မှန်​သည်​..။

ဟိုးငယ်​ငယ်​ appa ဆုံးတယ်​လို့သိရတုန်းကလဲ..
ရင်​နဲ့မဆန့်​​အောင်​ခံစားခဲ့ရသည်​..။
အခုလဲ ဒီအတိုင်းသာ...။

ပိုတိုးလာတာတစ်​ခုက​တော့...
ပြုစု​စောင့်​​ရှောက်​​ပေးခဲ့တဲ့​ကျေးဇူးကိုမှ မ​ထောက်
သားဆိုးသားမိုက်​လို့များ appa သိရင်​အပြစ်​တင်​​လေမလား..။

ဒီ​လောက်​လွယ်​လွယ်​နဲ့မြန်ုမြန်​ထွက်​သွားမယ်​ဆိုရင်​..
ဘာလို့များ..ပြန်​၀င်​လာခဲ့ရသလဲလို့...
အော်​ကြီးဟစ်​ကျယ်​ ​နဲ့​သောင်းကျန်းလိုက်​ချင်​သည်​...။

appaသာ ကျွန်​​တော့်​ဆီပြန်​မလာခဲ့ရင်​..
ကျွန်​​တော်​လဲ Chan နဲ့ ဒီလိုမျိုး​ဝေးရမှာမဟုတ်​ဘူး...။
Chan နဲ့​ဝေးခိုင်းရင်​လဲ appa ကအသက်​ရှည်​ရှည်​​နေရမယ်​​လေဗျာ..။

အခု​တော့...!

"ငါ ..တစ်​ကယ်​မခံစားနိုင်​​တော့ဘူး​နော်​..!!"

ကံဆိုးမှု​တွေက ကျွန်​​တော့်​ဆီကိုပဲ တမင်​​ရောက်​လာသလား
အောက်​​မေ့ရ​အောင်​ ဆိုးရွားလွန်းသည်​...။

ည​နေကတည်းက..အရက်​​တွေထိုင်​​သောက်​​နေ​ပေမယ့်
မူးပြီးအိပ်​​ပျော်​သွားဖို့​နေ​နေသာသာ..တစ်​ခွက်ေ​သာက်​တိုင်း
သောက်​တိုင်း..ရင်​ထဲက ပြင်းပြင်းပြပြနဲ့နာကျင်​မှု​တွေက
ပိုတိုးလာ​နေတာမို့...
အရက်​​သောက်​ရတာ သာအဖတ်​တင်​သည်​..။
ဘာမှထူးမလာ...။

ပြတင်း​ပေါက်​က​နေ မြင်​​နေရတဲ့အပြင်​​လောကကြီးမှာ
မိုးသည်းသည်းထန်​ထန်​ရွာသွန်း​နေတာကပဲ..
ကျွန်​​တော့်​ကို ​ချောက်​ကမ်းပါးအစွန်းက​နေ
ခုန်​ချခိုင်း​နေသလားမ​ပြောတတ်​​တော့...။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now