Part-12

1.3K 127 3
                                    

Zawgyi version

_Singto...Rama VIII တံတားကိုအခုထွက်လာခဲ့!
တွေ့ချင်တယ်_

ည၈နာရီကျော်ကျော်လောက်မှာKristပို့လာတဲ့Line message။ဒီကောင်လေးတကယ်ဘာဖြစ်နေမှန်း ကျွန်တော်မတွေးတတ်ဘူး။ကျွန်တော့်အိမ်ကအရေးတကြီးပြန်သွားတဲ့နေ့ကစပြီး စာမလာသတင်းမကြားနဲ့အဆက်အသွယ်ပြတ်သွားတာ၃ရက်။ ၃ရက်အတွင်းကျွန်တော့်messageတွေကိုအဖက်မလုပ်ခဲ့သူက Rama VIIIတံတားကိုချက်ချင်းထွက်လာခိုင်းနေပြန်သတဲ့။
အမှန်ဆိုဒီကြားထဲမှာကျွန်တော်စိတ်ဆိုးနေခဲ့တာပါ။Kristကိုစိတ်ဆိုးနေခဲ့တာ တကယ်ကိုနေနိုင်ရက်တဲ့ကောင်လေး။ကျွန်တော့်ကို ၃ရက်လောက်အဆက်အသွယ်မလုပ်ခဲ့သူက Gunနဲ့တော့နေ့တစ်ဝက်လောက်ထိကို စကားပြောနေခဲ့တယ်တဲ့။တကယ်ကို သူဆက်သွယ်လာရင် မခေါ်ဘူးလို့တွေးထားတဲ့ ကျွန်တော်က အခု Rama VIIIတံတားကိုသွားဖို့ တိုက်ခန်းအောက်ထိဆင်းပြီးနေပြီတဲ့။

"အော်......ငါ့နှယ်!!!"

........................................................

Rama VIIIတံတားကိုရောက်တော့ အဆက်မပြတ်တိုက်နေတဲ့လေတွေကြားမှာ ပျော့ပျောင်းနေတဲ့ဆံပင်လေးတွေက တဖျတ်ဖျတ်လွင့်နေတဲ့ဖြူဖြူဖွေးဖွေးကောင်လေးကို လှမ်းမြင်ရတယ်။ လေပြေတွေကြားမှာ စိတ်ချမ်းသာနေပုံပါပဲ ပါးချိုင့်လေးတောင် ပေါ်အောင်ပြုံးနေလေရဲ့။သဘာဝတရားကိုမျက်စိမှိတ်ရင်းခံစားနေတဲ့ ယောက်ျားတစ်ယောက်က မီးရောင်အောက်မှာ လှနေပြန်ပါတယ်။လှတယ်လို့သုံးနှုန်းမိတာ ယောက်ျားတစ်ယောက်ရဲ့မာနထိခိုက်စေသွားနိုင်မလား ကျွန်တော်မသိပေမယ့် Kristက တကယ်ကိုလှတယ်။

"Krist............"

"Awww....Singto ရောက်လာပြီလား"

"တစ်ခုခုပြောချင်လို့လား Krist"

"တစ်သီးတစ်သန့်ကြီးတော့ ပြောစရာမရှိပေမယ့်လဲ Singtoမျက်နှာကိုမြင်ပြီး တစ်ခုခုကို ပြောမိချင်လဲပြောမိသွားနိုင်မှာပေါ့"

"ဒါဆိုအခုက ဘာလို့ခေါ်တာလဲ"

"စာထဲမှာ ပြောခဲ့သားပဲSingtoရာ တွေ့ချင်တယ်လို့်
ဒီလိုညမှာ Singtoကိုဘေးမှာရှိနေစေချင်တယ်
ဒီနေရာကပြောတယ် Singtoကိုခေါ်လိုက်ပါတဲ့"

Differences(Completed)Where stories live. Discover now