Zawgyi version
"ငါအရမ်းချောတာသိပေမယ့် အဲ့လောက်အကြာကြီးကြည့်နေတာ လွမ်းလို့မဝသေးလို့လား"
ကျွန်တော့်အမေးကိုလဲ ပြန်ဖြေဖို့စိတ်ကူးရှိပုံမရတဲ့Kristဟာ မျက်နှာလေးပဲပေါ်အောင် စောင်ကိုခြုံထားရင်း ကျွန်တော့်ကိုနှာခေါင်းရှုံ့ပြပါတယ်။
"အူယားအောင်လုပ်နေတာပဲ Krist"
ပြောရင်းနဲ့သူ့နှာဖျားလေးကို ခပ်ဖွဖွလေးဆွဲညှစ်လိုက်တော့ မျက်နှာကိုပိုပြီး ရှုံ့တွပြနေတဲ့ Kristဟာ ကျွန်တော့်ကိုအူယားပြီးသေအောင်သတ်နေသလိုပါပဲ။စိတ်မထိန်းနိုင်တော့လို့ သူ့နှာဖျားလေးကို ကျွန်တော့်နှုတ်ခမ်းတစ်စုံနဲ့ခပ်ဖွဖွလေးထိကပ်မိတော့ ကျွန်တော့်မေးဖျားလေးကိုပြန်နမ်းလာတယ်။ပြီးတော့ ကျွန်တော့်ရင်ခွင်ထဲမျက်နှာအပ်ပြီး ကျွန်တော့်ခါးကိုဖက်ထားပြန်ပါသတဲ့။အလိုက်သင့်ကလေး သူ့ကိုယ်လုံးလေးကိုပြန်ဖက်ရင်း အသဲယားတဲ့အရှိန်နဲ့ခပ်တင်းတင်းလေးဖြစ်ညှစ်မိတော့ အရင်ကနဲ့မတူစွာ သူ့ကိုယ်လုံးလေးက အသားအိအိလေးတွေအစား ကြွက်သားများနဲ့တင်းတင်းရင်းရင်းဖြစ်နေခဲ့တယ်။
"Awww...Kristတောင် လူကြီးဖြစ်နေပြီပဲ"
"ခင်များကောင်လေးစဖြစ်ကတည်းက ကျွန်တော်ကလူကြီးဖြစ်နှင့်ပြီးနေပြီးသား"
"Oiii...မသိခဲ့ပါလား"
"ခင်များက စာလောက်ပဲတော်တတ်ပြီးသိနေတာလေ"
"အခုတော့အကုန်သိနေပါပြီ မယုံရင်......"
"တော်လိုက်တော့!!!
.
.ကျွန်တော့်ကို လက်စွပ်ဘယ်တော့ပြန်ဝတ်ပေးမှာလဲ။ခင်များဝတ်ပေးတာကိုလိုချင်လို့ တကူးတက တံခါးလက်ကိုင်မှာချိတ်ထားခဲ့တာ။ထားသာထားရတာ ပျောက်သွားမှာလဲစိုးရသေးတယ်""ငါမင်းကိုပြောပြချင်တာတွေ အကုန်လုံးမင်းနားထောင်ပြီးမှ"
"ဒါဆိုလဲအခုပြောလိုက်တော့လေ။လက်စွပ်မရှိဘဲနေရတာ ကျွန်တော်ကပိုင်ရှင်မဲ့နေသလိုပဲ"
"အင်း....ငါမရှိတော့တဲ့နေ့က မင်းရဲ့Maeဆီကနေ ခွင့်ပြုချက်ရလာခဲ့တယ်ဆို"
YOU ARE READING
Differences(Completed)
Fanfictionခြားနားချက်တွေကိုလိုက်မရှာပါနဲ့။ကြည့်လိုက်ရုံနဲ့တင်မြင်သာပါတယ်။ဒီလူအတွက်မင်းက Essential Oneလေ။