Ending🦁⛅

2.1K 100 4
                                    

Zawgyi version

D-Day

နောက်ဆုံးတော့Singtoရဲ့ ဘွဲ့ယူခြင်းအခမ်းအနားနေ့ကို ရောက်လာခဲ့ပြီ။ဒီနေ့အတွက်ကျွန်တော်ထိုင်းကိုပြန်လာခဲ့တယ်ဆိုရင်လဲဟုတ်သလို ဒီနေ့ကကျွန်တော်ရောSingtoရော နှစ်ယောက်စလုံးမျှော်လင့်ပြီးစောင့်ခဲ့ရတဲ့နေ့လေးပါ။

မနက်ခင်းစောစောထပြီး ကိုယ့်ချစ်သူရဲ့ဘွဲ့ယူမယ့်အခမ်းအနားအတွက်ပြင်ဆင်ပေးနေရတဲ့ပီတိမျိုးကို ခင်များတို့ခံစားဖူးသလား။တကယ်ကိုကြည်နူးဝမ်းမြောက်စရာလဲကောင်းပြီး ဂုဏ်လဲယူရတယ်။ခင်များတို့မျက်စိရှေ့မှာ ချစ်ရသူဟာ ဘွဲ့ဝတ်စုံနဲ့ခန့်ညားနေတာကို မြင်ယောင်ကြည့်ပါ။ဒါဟာခင်များတို့မြင်ဖူးသမျှအလှပဆုံးသောမြင်ကွင်းတွေလို သိမ်မွေ့လှပနေလိမ့်မယ်။

"Congratulationနော်Singto
ခင်များကြောင့်အရမ်းဂုဏ်ယူရတယ်"

"ဒီနေ့အတွက်ရော ငါ့ဘဝထဲကိုရောပြန်လာပေးလို့ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ရင် ဒီ့ထက်ပိုကောင်းပေးလေ"

"အင်း...ဒါ့ကြောင့်တသက်လုံးစာအတွက် မင်းတစ်မျက်နှာကိုပဲကြည့်နေတော့မလို့"

"ဒါဆိုတသက်လုံးစာအတွက်ဒီစကားကိုမှတ်ထားလိုက်ပြီ။ခင်များကိုထွက်သွားခွင့်ရော ထွက်ပြေးခွင့်ရော မပေးတော့ဘူးနော် လုံးဝ!"

"တစ်ဘဝလုံးမင်းတစ်ယောက်ထဲကိုပဲချစ်နေတော့မယ်လေ"

ကျွန်တော့်ကိုပြုံးရင်းကြည့်နေတဲ့ကောင်ကလေးကို ကတိသစ္စာအမှတ်အသားအဖြစ် နှဖူးလေးမှာတံဆိပ်ခတ်ခဲ့တယ်။Krist Perawatဟာ ကျွန်တော်Singto Prachayaရဲ့အပိုင်ပါ။
.........................................................................

ဓာတ်ပုံရိုက်ခြင်းအတတ်ပညာမှာ ကျွန်တော်ကSingtoလောက့်မကျွမ်းကျင်ပေမယ့် ဒီတစ်နေ့တော့အချိန်တိုင်းမှာ Singtoပုံရိပ်တွေကို လိုက်ဖမ်းနေမိတယ်။ဘွဲ့ယူတဲ့အခမ်းအနားတစ်လျှောက်လုံးအတွက် သူ့ရဲ့ခန့်ညားခြင်း၊ရင့်ကျက်ခြင်းတွေသာမက သူ့ရဲ့သိမ့်မွေ့နူးညံ့ခြင်းတွေအထိ အရာအားလုံးက ကျွန်တော့်အတွက်အနုပညာပါ။

Singtoရဲ့အတန်းဖော်အချို့နဲ့ ကျွန်တော့်ကိုသိသောအခြားအချို့သောသူတွေက ကျွန်တော့်ကိုမြင်တော့ မေးငေါ့တာတွေတီးတိုးပြောဆိုတာတွေရှိနေကြသေးပေမယ့် အရင်ကတည်းကဂရုမစိုက်ခဲ့သူမို့ အခုလဲထူးထွေပြီးဂရုမစိုက်ဖြစ်ပါဘူး။အခုအချိန်ပြီးတာနဲ့ ကျွန်တော်တို့တတွေဟာ ကိုယ့်လမ်းကိုကိုယ်ဖောက်ပြီးလျှောက်ကြတော့မယ့်သူတွေမို့ သူတို့လျစ်လျူ ရှုထားလဲ ဖြစ်ပါတယ်။တကယ်တမ်းတွေးကြည့်ကြရင် ကျွန်တော်တို့ဘဝတွေကိုကျွန်တော်တို့သာပိုင်ဆိုင်ပြီး ကျွန်တော်တို့ရဲ့အနာဂတ်ဟာလဲ ကျွန်တော်တို့ရွေးချယ်ထားတဲ့ဘဝလက်တွဲဖော်နဲ့သာ အတူပုံဖော်ကြရမယ့် အချိန်ကာလတွေဖြစ်တယ်။

Differences(Completed)Where stories live. Discover now