Part-16

1.2K 132 1
                                    

Zawgyi version

Singtoကိုကျောင်းကိုအလည်ခေါ်ပြီး တကယ်တမ်းသွားရတော့ကျွန်တော်ပါပဲ။မောင်မင်းကြီးသားစီနီယာကြီးက Assignment ရှိလို့ထွက်လာဖို့အဆင်မပြေသေးလို့ပါတဲ့။ လွမ်းနာကျနေတဲ့ကျွန်တော်ကပဲ အလျော့ပေးပြီးသွားခဲ့ရတာပါပဲ Singtoနဲ့မတွေ့ရတာကြာရုံသာမကပဲ စကားမပြောရတာပါ တကယ်ကိုကြာနေခဲ့ပြီမဟုတ်လား။

_Singto ကျွန်တော်ရောက်ပြီ
ကန်တင်းမှာစောင့်နေတယ်_

_စာကြည့်တိုက်ထဲကိုလာခဲ့ပေးလို့ရမလား Krist_

_အင်း...ရတယ်
အခုလာပြီ_

_ဒါနဲ့နေရာကိုသိလား
ဘယ်လိုလာရမလဲဆိုတာ_

_သိတယ်_

............................................................................

စာကြည့်တိုက်ထဲကိုရောက်တော့ တော်တော်တောင်မရှာလိုက်ရဘဲSingtoကိုတွေ့တယ်။ဒါပေမယ့် တစ်ယောက်ထဲမဟုတ်ဘဲ တစ်ယောက်ယောက်နဲ့အတူရှိနေတာ Singtoကိုယ်နဲ့ကွယ်နေတာမို့ အဲ့တစ်ယောက်ယောက်ကို သေချာမမြင်နိုင်ဘူးဖြစ်နေတာ

"ဘယ်လိုတောင် သေးကွေးနေတဲ့လူလဲ"

Singtoနဲ့အတူရှိနေတဲ့တစ်စုံတစ်ယောက်က ကျွန်တော့်ကိုစိတ်တိုစေတယ်။တကယ်ဆို Singtoနဲ့နှစ်ယောက်ထဲရှိနေချင်လို့ အတန်းဖျက်ပြီးလာရတာလေ ဒါတောင်မကသေးဘဲ အဲ့တစ်စုံတစ်ယောက်ကလဲ ကိုယ်မသိတဲ့သူစိမ်းမဟုတ်လား။လူစိမ်းဆိုတဲ့အချက်က ကျွန်တော့်ကိုအဆင်မပြေစေဘူး စိတ်တွေကိုလေးလံစေတယ်။

"Singto!!!!"

ဆူအောင့်အောင့် စိတ်အလိုမကျတဲ့ အသံမျိုးဖြစ်သွားမှန်းသိတယ်။ဒါပေမယ့်တကယ်မတတ်နိုင်တော့ဘူး တိုနေတဲ့စိတ်တွေအကုန် Singtoအပေါ်ပုံချမိပြီ။Singtoဆိုတာ ကျွန်တော်ဆိုးလို့ရတဲ့ တစ်ဦးတည်းသောလူသား။

လှည့်ကြည့်လာတဲ့Singtoနဲ့အတူ Singtoအကွယ်ကနေ ထပ်ထွက်လာတဲ့ ခေါင်းသေးသေးကွေးကွေး

"Ai'Gun!!!!!!!!!"

"ဟ...ဟ...ရှူး~~~~~တိုးတိုးဟ
ဒါကစာကြည့်တိုက်လေ။ ငါ့ကိုတွေ့တာ ဒီလောက်ဝမ်းသာဖြစ်ရလား Kristရဲ့"

"မင်းမေကြီးတော်ကို ဝမ်းသာအားရလိုက်
ဆောတီးပဲ
စိတ်ကပိုတောင်ညစ်သွားရပြီ မင်းနဲ့တွေ့လို့"

Differences(Completed)Where stories live. Discover now