Part-23

1.2K 99 1
                                    

Zawgyi version

"Linn..."

ကော်ဖီဆိုင်ရဲ့ထောင့်ကျကျစားပွဲမှာ ထိုင်နေတဲ့Linn။တမင်လူမပြတ်မယ့် ကော်ဖီဆိုင်ကိုရွေးချိန်းလိုက်တာ Linnပြိုလဲပြမှာတွေကိုမမြင်တွေ့ချင်တော့လို့။လူတွေရှေ့မှာတော့ Linnမပေါက်ကွဲပြလောက်ဘူးလို့ တွက်ဆမိတာကြောင့်ရယ်လဲ ပါတာပေါ့။

"Kitက တစ်ယောက်ထဲတောင်မလာတတ်တော့ဘူးပဲ.."

အက်ကွဲကွဲရယ်သံတစ်ချို့နဲ့အတူSingtoကိုမေးငေါ့ရင်းပြောတယ်။ဒါကြောင့် မခေါ်လာချင်ခဲ့တာ Singtoဆိုတာ ဒီလိုအပြောခံ မေးအငေါ့ခံနေရမှာမဟုတ်ဘူး။အားလုံးက ကျွန်တော်ပြုခဲ့တဲ့ကိစ္စလေ Singtoနဲ့ဘာဆိုင်လို့လဲ တကယ်ပဲLinnဟာ မခွဲခြားတတ်ဘူး။

"အင်း...Singtoရဲ့နေရာကို မင်းမမြင်သေးဘူးထင်တာနဲ့ ခေါ်လာခဲ့လိုက်တာ။နောက်မမေးရတော့အောင်လို့ နောက်မမှားတော့အောင်လို့။အစထဲက ပြထားခဲ့ပေမယ့် မင်းကမမြင်ချင်ယောင်ဆောင်နေတတ်လွန်းလို့"

"ဒါဆို ငါ့နေရာကရော?"

"Friendလေ အစထဲကFriendပဲ
ငါမင်းအထင်မှားမယ့် အပြုအမူအပြောအဆိုတွေမလုပ်ခဲ့ဖူးဘူးလို့ ထင်တယ်"

"ဒါဆို ငါကထင်ယောင်ထင်မှားဖြစ်ခဲ့တာပေါ့?"

"အင်း...မင်းကမေတ္တာငတ်လွန်းနေခဲ့တာကို"

"ဒါပေမယ့် ငါကတော့မင်းကို မေတ္တာအစစ်တွေပေးခဲ့တာ"

"မင်းပေးခဲ့တာက ငါလိုအပ်နေတဲ့အရာမှ မဟုတ်ဘဲ"

"ဒါပေမယ့် ငါမင်းအတွက် အများကြီးစွန့်လွှတ်ခဲ့တယ်လေ"

"ငါလုပ်ခိုင်းခဲ့တာမှမဟုတ်ဘဲLinnရာ မင်းတစ်ယောက်ထဲတွေးပြီး တစ်ယော်ထဲဆုံးဖြတ်ချက်ချပြီးလုပ်ခဲ့တာလေ။Bangkokကိုလာမယ်ဆိုတုန်းကရော ငါ့ကိုဘာတစ်ခွန်းမှမပြောခဲ့ဘူးလေ။ပြောခဲ့ရင် ငါတားမယ်ဆိုတာကို သိနေခဲ့တာမလား။မင်းစိတ်ခံစားချက်အတိုင်း တဇွတ်ထိုးလုပ်ခဲ့တဲ့ကိစ္စမှာ ငါ့တာဝန်ကြီးလို မပုံချစမ်းပါနဲ့Linnရာ!!!"

"ဖြစ်ပြီးခဲ့သမျှကိစ္စအားလုံးက ငါမှားခဲ့တာဆိုရင် ငါ့ရဲ့အမှားက မင်းကိုချစ်တဲ့စိတ်တစ်ခုတည်းကြောင့် မှားရတာKit!"

Differences(Completed)Where stories live. Discover now